နေပြည်တော်၊စက်တင်ဘာ(၁၃)ရက်။
၂ဝ၁၉ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံဘော်လီဘော (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲ အချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်မှူးချုပ် ရဲရင့်ဝင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယရဲချုပ်၊ ရဲဗိုလ်ချုပ် မျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဘော်လီဘောအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများ တစ်ခဲနက်လာရောက် ကြည့်ရှုအားပေးခဲ့ပါသည်။
(အမျိုးသား) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီး ဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းတို့ယှဉ်ပြိုင် ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ (၂၇-၂၅)မှတ်၊ (၂၅-၁၇)မှတ်၊ (၂ဝ-၂၅)မှတ်၊ (၂၃-၂၅)မှတ်၊ (၁၅-၁၁)မှတ်ဖြင့် လည်းကောင်း အနိုင်ရရှိသွားပါသည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသမီး အကောင်းဆုံး အားကစားသမားဆုရရှိသူများအား ဆုများပေး အပ်ချီးမြှင့်ရာ အကောင်းဆုံးစပေးဘောဆုရရှိသော ပြည်ထဲရေးဝန်ကြီး ဌာနအသင်းမှ ကျောနံပါတ်(၁) နန္ဒာဝင်းပြည့်၊ အကောင်းဆုံးပင့်ထောင် ဆုရရှိသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၁၁) နန်းမဉ္ဇူသကလှိုင်တို့အား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဒေါ်လွီးဇာမှ လည်းကောင်း၊ အကောင်းဆုံးရိုက်ခုတ်ဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၃) ရန်ရှန်းစန်၊ အကောင်းဆုံးပိတ်ဆို့ဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၁၆) သူဇာအောင်တို့အား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးဝင်းဇော်မှလည်ကောင်း၊ အကောင်းဆုံးခုခံဆယ်မဆုရရှိသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၁၆) ဖြူဖြူဝေ၊ အကောင်းဆုံးဘော်လီဘောအားကစားသမားဆုရရှိသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၈) သီသီအောင်တို့အား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဒေါက်တာကျော်ငွေမှလည်ကောင်း၊
ဆက်လက်၍ အမျိုးသားအကောင်းဆုံး အားကစားသမားဆုရရှိ သူများအား ဆုများပေးအပ်ချီးမြှင့်ရာ အကောင်းဆုံးစပေးဘောဆု ရရှိသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းမှ ကျောနံပါတ်(၉) ဝင်းမောင်၊ အကောင်းဆုံးပင့်ထောင်ဆုရရှိသော ပြည်ထဲရေးဝန်င်္ကြီး ဌာနအသင်းမှ ကျောနံပါတ်(၂) မင်းဟိန်းခန့်၊ အကောင်းဆုံးရိုက်ခုတ်ဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၁၇) ညီညီစံတို့အား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဒေါက်တာ ဒေါက်တာလင်းဝေဖြိုးလတ်မှလည်ကောင်း၊ အကောင်းဆုံးပိတ်ဆို့ဆု ရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၁၇) ထက်လင်းအောင်၊ အကောင်းဆုံးခုခံဆယ်မဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၁၂) လှိုင်မင်း၊ အကောင်းဆုံးဘော်လီဘော အားကစား သမားဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၇) တိုးမင်းမောင်တို့အား အမျိုးသား လွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင် မန်းထွန်းကြိုင်မှ လည်းကောင်း၊
ဆက်လက်၍ အမျိုးသမီးအတိုးတက်ဆုံးဆုရရှိသော ပညာရေးဝန်ကြီးဌာနအသင်းအား ကျန်းမာရေးနှင့်အားကစားဝန်င်္ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်မှ လည်ကောင်း၊
ဆက်လက်၍ (အမျိုးသမီး) ပြိုင်ပွဲတွင် တတိယဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းအား ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်မှူးချုပ် ရဲရင့်ဝင်းမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ ဒုတိယဆုရရှိသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းအား ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ ပထမဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုမှ တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် တံခွန်စိုက်ဆုဖလားအားလည်းကောင်း၊
ဆက်လက်၍ (အမျိုးသား) ပြိုင်ပွဲတွင် တတိယဆုရရှိသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းအား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယရဲချုပ်၊ ရဲဗိုလ်ချုပ် မျိုးဆွေဝင်းမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ ဒုတိယဆုရရှိသော ကာကွယ်ရေးဝန်င်္ကြီးဌာနအသင်းအား နေပြည်တော်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ ပထမဆုရရှိသော ပြည်ထဲရေး ဝန်င်္ကြီးဌာနအသင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် တံခွန်စိုက်ဆုဖလား အားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။