spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > စတုတ္ထနေ့ Myanmar International Series 2019 ကြက်တောင်ပြိုင်ပွဲ ဆက်လက်ကျင်းပ

စတုတ္ထနေ့ Myanmar International Series 2019 ကြက်တောင်ပြိုင်ပွဲ ဆက်လက်ကျင်းပ

 
ရန်ကုန်၊ စက်တင်ဘာလ (၁၃)ရက်။    
 
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှကြီးမှူး၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပပြီး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် စတုတ္ထနေ့ Myanmar International Series 2019 ကြက်တောင်ပြိုင်ပွဲကို ယနေ့နေ့လယ်(၁)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အမှတ် ၃၂၀-၃၃၂၊ အနော်ရထားလမ်းရှိ အမျိုးသားကြက်တောင်အားကစားခန်းမတွင်ပြုလုပ်သော Myanmar International Series 2019 ကြက်တောင်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။
 
ပြိုင်ပွဲတွင် အမျိုးသမီး(၁)ဦးချင်းပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံမှ သက်ထားသူဇာက အိန္ဒိယနိုင်ငံမှ Samiya  Imad Farpoqul အား (၂၁-၁၃)မှတ် (၁၃-၂၁)မှတ်(၂၁-၁၆)မှတ်ဖြင့် အနိုင်ရရှိပြီး ဆီးမီးဖိုင်နယ်သို့တက်ရောက်သွားရာ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် တရုတ်တိုင်ပေ မှ Liu  Chiao  Yun  နှင့် Wang Yu Qiao ကမြန်မာနိုင်ငံမှ ရည်ရည်လွင်နှင့်ခိုင်သဉ္စာအား (၂၁ -၆) မှတ် (၂၁ - ၆) မှတ်၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ထိုင်းနိုင်ငံက Pichamon  Phatcharaphisutsin  နှင့် Pitchayanin  Ungka မှ Lim  Jee  Lynn  မလေးရှားနှင့်ဇန်မျိုးသက်  မြန်မာတို့အား (၂၁-၁၂)မှတ် (၂၁-၁၇) မှတ်ဖြင့် အသီးသီး အနိုင်ရရှိ သွားကြသည်။
 
စက်တင်ဘာ(၁၄)ရက်နေ့တွင် သက်ထားသူဇာက အင်ဒိုနီးရှားကြက်တောင်အားကစားသမားနှင့်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲအား နေ့လယ်(၁)နာရီမှစတင်ကျင်းပသွားမည်ဖြစ်ရာ  ပြိုင်ပွဲသို့မည်သူမဆို အခမဲ့၀င်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%85%E1%80%90%E1%80%AF%E1%80%90%E1%80%B9%E1%80%91%E1%80%94%E1%80%B1%E1%80%B7-myanmar-international-series-2019-%E1%80%80%E1%80%BC%E1%80%80%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95