spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပဉ္စမနေ့ Myanmar International Series 2019 ကြက်တောင်ပြိုင်ပွဲ ဆက်လက်ကျင်းပ

ပဉ္စမနေ့ Myanmar International Series 2019 ကြက်တောင်ပြိုင်ပွဲ ဆက်လက်ကျင်းပ

 
ရန်ကုန်၊ စက်တင်ဘာလ (၁၄) ရက်။    
 
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှကြီးမှူး၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပပြီး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ပဉ္စမနေ့ Myanmar International Series 2019  ကြက်တောင်ပြိုင်ပွဲကို ယနေ့နေ့လယ် ၁ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အမှတ် ၃၂၀-၃၃၂၊ အနော်ရထားလမ်းရှိ အမျိုးသားကြက်တောင်အားကစားခန်းမတွင် ပြုလုပ်သော Myanmar International Series 2019 ကြက်တောင်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။
 
ပြိုင်ပွဲတွင် အမျိုးသမီး(၁)ဦးချင်းဆီးမီးဖိုင်နယ်ပြိုင်ပွဲအပြီးတွင် အင်ဒိုနီးရှားနိုင်ငံမှ Maharani  Sekar  Batarn က မြန်မာနိုင်ငံမှ သက်ထားသူဇာအား (၂၁-၁၅)မှတ် (၂၁-၁၇) မှတ်ဖြင့်အနိုင်ရရှိပြီး ဖိုင်နယ်သို့တက်ရောက်သွားသည်။
 
စက်တင်ဘာ(၁၅) ရက်နေ့တွင် နေ့လယ်(၁) နာရီမှ ဗိုလ်လုပွဲနှင့်တတိယလုပွဲများ စတင်ကျင်းပသွားမည်ဖြစ်ရာ ပြိုင်ပွဲသို့မည်သူမဆို အခမဲ့၀င်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%89%E1%80%B9%E1%80%85%E1%80%99%E1%80%94%E1%80%B1%E1%80%B7-myanmar-international-series-2019-%E1%80%80%E1%80%BC%E1%80%80%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95