spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > International Future Series ပြိုင်ပွဲတွင် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်

International Future Series ပြိုင်ပွဲတွင် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်

ရန်ကုန် စက်တင်ဘာ ၁၇။

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကြိုးပမ်းနသေည့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပနသေည့် ှုညအနမညအေငသညေူ င်္ကအကမန ှနမငနျ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ဒုတိယအဆင့်မှ စတင်ကစားရမည်။

ယင်းပြိုင်ပွဲကို စက်တင်ဘာ ၁၇ ရက်တွင် စတင်ကျင်းပလျက်ရှိသော်လည်း သက်ထားသူဇာ၏ ပွဲစဉ်မှာ စက်တင်ဘာ ၁၈ ရက်မှ စတင်ယှဉ်ပြိုင်ရမည် ဖြစစ်သည်။ သက်ထားသူဇာသည် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ဆီဒင် ၁ သတ်မှတ်ခံထားရပြီး ဒုတိယအဆင့်မှ စတင်ကစားရမည်ဖြစ်ကာ မလေးရှား နှင့် တရုတ်(တိုင်ပေ)ပွဲမှ အနိုင်ရသည့်ကစားသမားနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မလေးရှား၊ ထိုင်း၊ အိန္ဒိယ အပါအဝင် အာရှနှင့် အာဖရိကနိုင်ငံများမှ ကစားသမား ၃၂ ဦး ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။ သက်ထားသူဇာသည်ယခုပြိုင်ပွဲပြီးပါက မော်လ်ဒိုက် နိုင်ငံ၌ စက်တင်ဘာ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် International Challenge ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။

သက်ထားသူဇာသည် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် Myanmar International Series ပြိုင်ပွဲတွင် ပူးတွဲတတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးကျင်းပသည့် Myanmar International Series ပြိုင်ပွဲကို စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး သက်ထားသူဇာ အနေဖြင့် ကိုယ့်မြေ၊ ကိုယ့်ပရိသတ်ရှေ့မှောက်တွင် အောင်မြင်မှုရရန် ကြိုးပမ်းခဲ့သော်လည်း ချန်ပီယံဆုနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ယင်းပြိုင်ပွဲနှစ်ခု ယှဉ်ပြိုင်ရန် မြန်နိုင်ငံ၌ ကျင်းပသည့် Myanmar International Series
ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး တစ်ရက်အကြာမှာပင် မော်လ်ဒိုက်နိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

crd:ကြေးမုံသတင်းစာမှ ကောက်နှုတ်တင်ပြခြင်းဖြစ်ပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/international-future-series-%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%9E%E1%80%80%E1%80%BA%E1%80%91%E1%80%AC%E1%80%B8%E1%80%9E%E1%80%B0%E1%80%87%E1%80%AC-%E1%80%9D%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA