spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီးအသင်းအား ပြည်သူများကသောင်းသောင်းဖျဖျကြိုဆို

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီးအသင်းအား ပြည်သူများကသောင်းသောင်းဖျဖျကြိုဆို

 
ရန်ကုန်၊ စက်တင်ဘာလ (၁၈)ရက်။
 
ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပခဲ့သော၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအပြီးတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းအား (၅ ဂိုး ၃ ဂိုး) ပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရရှိသွားရာ အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီးအသင်းအား နေပြည်တော်-ရန်ကုန်အမြန်လမ်းမှ မြို့အ၀င်လမ်းမတစ်လျှောက်တွင် ရန်ကုန်မြို့နေ ပြည်သူများကသောင်းသောင်းဖျဖျစည်စည်ကားကားကြိုဆိုခဲ့ကြသည်။
 
 
ဆက်လက်၍ အလုံလမ်းမပေါ်ရှိ My Garden စားသောက်ဆိုင်၌  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်းတို့က ဂုဏ်ပြုအမှာစကားပြောကြားပြီး အသင်းအုပ်ချုပ်သူ နည်းပြနှင့်အသင်းခေါင်းဆောင်တို့က ပြိုင်ပွဲတစ်လျှောက်ယှဉ်ပြိုင်ခဲ့သော အတွေ့အကြုံများအား ရှင်းလင်းတင်ပြခဲ့သည်။
 
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်းတို့ထံသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ အသင်းအုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများက ဆွတ်ခူးရရှိခဲ့သော ဆုဖလားအားပေးအပ်ခဲ့ပြီး ဂုဏ်ပြုတည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%81%E1%81%87%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9B