ရန်ကုန်၊ စက်တင်ဘာလ (၂၀)ရက်။
နိုင်ငံတော်ရဲ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နိုင်ငံတကာနှင့်အတူ ရင်ဘောင်တန်းဆောင်ရွက် အကောင်အထည်ဖော်သွားနိုင်စေဖို့အတွက် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ချမှတ်ပေးထားတဲ့ အိုလံပစ်မူဝါဒ အတွေးအခေါ်တွေနဲ့ ယဉ်ကျေးမှု၊ ပညာပေးမှုဆိုင်ရာ အိုလံပစ်အသိပညာခံယူချက်တွေကို အခြေခံကစပြီး သိရှိနားလည်သဘောပေါက်နိုင်စေဖို့အတွက် ရည်ရွယ်၍ ယနေ့မွန်းလွဲ(၂)နာရီက ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ သင်တန်းခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက သင်တန်းဆင်း အမှာစကားပြောကြား၍ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားခေါင်းဆောင်များသို့ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ပြီး တာ၀န်ရှိပုဂ္ဂိုလ်များက အုပ်စုခွဲ၍ အကောင်းဆုံးတင်ပြပုံ တင်ပြချက်နှင့် အကောင်းဆုံးတင်ဆက်သူဆုရရှိသည့် သင်တန်းသားများအား ဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သတင်းရရှိသည်။