နေပြည်တော်၊ဇူလိုင်(၂၂)။
မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်မှကြီးမှူးကျင်းပသော ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ CEI 1* 40km (Novice Level) Endurance လူသစ်တန်း လက်ရည်စစ်ပြိုင်ပွဲကို ယနေ့နံနက် (၆) နာရီအချိန်တွင် နေပြည်တော် မြင်းစီးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်၊ ဒုတိယ ဥက္ကဌ(၁) ဦးကျင်ဦး၊ ဒုတိယဥက္ကဋ္ဌ (၂) ဦးအေးချိုနှင့် တာ၀န်ရှိသူများ တက်ရာက်ခဲ့ကြပါသည်။
ရှေးဦးစွာ ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ CEI 1* 40km (Novice Level) Endurance လူသစ်တန်းလက်ရည်စစ်ပြိုင်ပွဲကို ပြိုင်ပွဲ၀င် မြင်းအကောင်ရေ (၁၇)ကောင်၊ မြင်းစီးအားကစားသမားဦးရေ (၁၇)ဦးဖြင့် နေပြည်တော် မြင်းစီးအားကစားကွင်းမှ စတင် တာလွှတ်၍ နေပြည်တော်မြို့ပတ်လမ်းအတိုင်း ယှဉ်ပြိုင်စီးနင်းကြ၍ နေပြည်တော်မြင်းစီးအားကစားကွင်းသို့ ပန်း၀င်ကြပါသည်။
ထို့နောက် မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဥက္ကဌ ဦးပြုံးမောင်မောင်မှ ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ CEI 1* 40km (Novice Level) Endurance လူသစ်တန်းလက်ရည်စစ်ပြိုင်ပွဲ ကျင်းပပြုလုပ်ရသော ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အင်း၀မြင်းစီးကလပ်ပိုင်ရှင် ဒေါ်ခင်နှင်းပွင့်ပြုံး၊ Kings Friend မြင်းစီးကလပ်ပိုင်ရှင် ဦးချစ်မင်းစိုး၊ Henry's Farm မြင်းစီးကလပ်ပိုင်ရှင် ဦးသီဟနှင့် ဦးလှိုင်မင်းထွန်းတို့(ကိုယ်စား) ဦးအောင်မင်းမင်း၊ မိုးမြင်းစီးကလပ်ပိုင်ရှင် ဦးသန့်စင်မိုး (ကိုယ်စား) ဦးသိန်း၀င်း၊ ရှမ်းတောင်မြင်းစီးကလပ်ပိုင်ရှင် ဦးခွန်ထွန်းထွန်း၀င်း (ကိုယ်စား) ဦးမျိုး၀င်းသန်း၊ ကြည်သာအေးမြမြင်းစီးကလပ်ပိုင်ရှင် ဦးဇော်လွင်ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်မှ (၂နာရီ၊ ၅၃မိနစ်၊ ၃၅စက္ကန့်)ဖြင့် ပထမဆုရရှိသော နန်း၀င်း(ကီမိုဆာဘီ) အင်း၀မြင်းစီးကလပ်အားလည်းကောင်း၊ (၂နာရီ၊ ၅၇မိနစ်၊ ၃၀စက္ကန့်)ဖြင့် ဒုတိယရရှိသော သက်ဝေလင်း(ရိုဒီယို) Kings Friend မြင်းစီးကလပ်အား လည်း ကောင်း၊ (၂နာရီ၊ ၅၈မိနစ်၊ ၁၀စက္ကန့်)ဖြင့် တတိယဆုရရှိသော ဇော်မြင့် (စိန်လျှံတိုး) မိုးမြင်းစီးကလပ်အား လည်းကောင်း၊ အကောင်းဆုံး Perfomance ဆုရရှိသွားသော သက်ဝေလင်း(ရိုဒီယို) Kings Friend မြင်းစီးကလပ်အားလည်းကောင်း ဆုများကိုပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ(၁) ဦးကျင်ဦးနှင့် ဒုတိယဥက္ကဋ္ဌ (၂)ဦးအေးချိုတို့မှ ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ CEI 1* 40km (Novice Level) Endurance လူသစ်တန်းလက်ရည်စစ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြသော အားကစားသမားများအား ပြိုင်ပွဲပြီးမြောက်အောင်မြင်ခြင်း အသိအမှတ်ပြုအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်၊ ဒုတိယဥက္ကဌ(၁) ဦးကျင်ဦး၊ ဒုတိယဥက္ကဋ္ဌ (၂) ဦးအေးချိုနှင့် တာ၀န်ရှိသူများ ပြိုင်ပွဲ၀င်အားကစား သမားများ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး ဆုပေးပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။