ရန်ကုန်၊စက်တင်ဘာလ(၂၃)ရက်။
ပြင်သစ်နိုင်ငံ၊ပဲရစ်မြို့တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိကျင်းပပြုလုပ်မည့် အိုလံပစ်ဈေးကွက်ဆိုင်ရာဆွေးနွေးပွဲ (Olympic Marketing Seminar)သို့ တက်ရောက်ရန် အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ၀င်းဇော်နှင့် အဖွဲ့၀င်အဖြစ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းလတ်တို့သည် ယနေ့နံနက် (၈)နာရီခွဲအချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့်ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။