spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အလွတ်တန်းပြေးခုန်ပစ်ပြိုင်ပွဲများ ဒုတိယနေ့ဆက်လက်ကျင်းပ

၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အလွတ်တန်းပြေးခုန်ပစ်ပြိုင်ပွဲများ ဒုတိယနေ့ဆက်လက်ကျင်းပ

 
နေပြည်တော်၊ ဇန်နဝါရီလ(၉)ရက်။
 
မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် (၆း၃ဝ)နာရီအချိန်မှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အလွတ်တန်းပြေးခုန်ပစ် ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ပါသည်။ 
 
ရှေးဦးစွာ အမျိုးသားမီတာ (၂ဝဝဝဝ) လမ်းလျှောက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ထွန်းညွှန့်ရွှေ (ရန်ကုန်) မှ  (၂) နာရီ (ဝ၃.၄၉) စက္ကန့်ဖြင့် ပထမ၊ ဦးသန်းရွှေ (ရခိုင်) မှ  (၂) နာရီ (၁၈.၄၃) စက္ကန့်ဖြင့် ဒုတိယ၊ အောင်သိန်းထွန်း (နေပြည်တော်) မှ (၂) နာရီ (၁၈.၅၈) စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်း၊ အမျိုးသမီး မီတာ (၁ဝဝဝဝ) လမ်းလျှောက်ပြိုင်ပွဲတွင် သီသီအောင် (တနင်္သာရီ) မှ  (၁) နာရီ (ဝဝ.၃၄) စက္ကန့်ဖြင့် ပထမ၊ အေးကြွယ်မျိုး (မန္တလေး) မှ (၁) နာရီ (ဝ၅.၄၄) စက္ကန့်ဖြင့် ဒုတိယ၊ နန်းကေသီထွန်း (ဧရာဝတီ) မှ (၁) နာရီ (၁ဝ.၄၁) စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်း၊
 
 
အမျိုးသမီးကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် အေးအေးမာ (မန္တလေး) မှ ၂ဝ၁၆ခုနှစ်တွင် စံချိန်တင်ထားသည့် (၃၆.၄၅)မီတာကို ယခုပြိုင်ပွဲတွင် (၃၇.ဝ၉) မီတာဖြင့်စံချိန်သစ်တင်ကာ ပထမဆုကိုလည်းကောင်း၊ စုရတနာထွန်း (ရန်ကုန) မှ (၃၁.၂၁) မီတာဖြင့် ဒုတိယ၊ ဒေဗောရာ (ကချင်) မှ (၂၁.၇၅) မီတာဖြင့် တတိယဆုကိုလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် နန္ဒအောင် (မန္တလေး) မှ ၂ဝ၁၄ခုနှစ်တွင် စံချိန်တင်ထားသည့် ရဲထက်အောင် (မွန်ပြည်နယ်) မှ (၄၁.၆၆) မီတာကို ယခုပြိုင်ပွဲတွင် (၄၅.၄၈) မီတာဖြင့်စံချိန်သစ်တင်ကာ ပထမဆုကို လည်းကောင်း၊ ဇော်မျိုးထက် (ရန်ကုန်) မှ (၃၅.၈၄) မီတာဖြင့် ဒုတိယ၊ ဘုန်းမြတ်ငြိမ်း (မကွေး) မှ (၂၃.၃၃) မီတာဖြင့် တတိယဆုကိုလည်းကောင်း၊
 
အမျိုးသမီး သုံးဆင့်ခုန်ပြိုင်ပွဲတွင် မြတ်သဉ္ဇာဝင်း (မန္တလေး) မှ  (၁ဝ.၉၂) မီတာဖြင့် ပထမ၊ နန်းခမ်းထွေး (တနင်္သာရီ) မှ (၉.၉၅) မီတာဖြင့် ဒုတိယ၊  မြင့်မြင့်ဝင်း (ဧရာဝတီ) မှ (၉.၆၇) မီတာဖြင့် တတိယဆုကိုလည်းကောင်း၊ 
 
အမျိုးသားမီတာ (၃ဝဝဝ) တားဆီးကျော်ပြိုင်ပွဲတွင် နိုင်လွင်ထူး (ရန်ကုန်) မှ (၁ဝ)မိနစ် (၅၈.၂၂) စက္ကန့်ဖြင့် ပထမ၊ လှမျိုးအောင် (မွန်ပြည်နယ်) မှ (၁၁)မိနစ် (၁ဝ.၇၃) စက္ကန့်ဖြင့် ဒုတိယ၊ ဇင်သာလင်း (ဧရာဝတီ) မှ (၁၁)မိနစ်  (၄၈.၉၅)စက္ကန့်ဖြင့် တတိယဆု ကိုလည်းကောင်း၊
 
အမျိုးသားတန်းမြင့်ခုန်ပြိုင်ပွဲတွင် လွင်သူမင်းခန့် (တနသင်ာ္ရီ) မှ (၁.၈၈) မီတာဖြင့် ပထမ၊ မိုးသီဟဦး (နေပြည်တော်) မှ (၁.၈၂) မီတာဖြင့် ဒုတိယ၊ ကျော်ဇေယျ (စစ်ကိုင်း) မှ (၁.၇၃) မီတာဖြင့် တတိယဆုကိုလည်းကောင်း၊
 
အမျိုးသမီး မီတာ ၁ဝဝထ၄ လက်ဆင့်ကမ်းပြိုင်ပွဲတွင် တနသင်ာ္ရီတိုင်းဒေသကြီး မှ (၅၂.၅၁)စက္ကန့်ဖြင့် ပထမ၊ မန္တလေးတိုင်းဒေသကြီးမှ  (၅၃.၈၉) စက္ကန့်ဖြင့် ဒုတိယ၊  ဧရာဝတီတိုင်းဒေသကြီးမှ  (၅၆.၉၄) စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ အမျိုးသား ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ  (၄၄.၂၄) စက္ကန့်ဖြင့် ပထမ၊ မကွေးတိုင်းဒေသကြီးမှ (၄၅.၆၁) စက္ကန့်ဖြင့် ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးမှ (၄၅.၇၈)စက္ကန့်ဖြင့် တတိယဆု ကိုလည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ကြပါသည်။
 
 
အဆိုပါပြိုင်ပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးများ၊ နည်းပြအုပ်ချုပ်သူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုများကို ချီးမြှင့်ခဲ့ကြပါသည်။
 
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲကို ဇန်နဝါရီလ (၈) ရက်နေ့မှ (၁၁) ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ဝင်းအတွင်း၌ ပြိုင်ပွဲများကို နံနက် (၆း၃ဝ) နာရီမှစတင်၍ ဆက်လက်ယှဉ်ပြိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%81%E1%80%AF%E1%80%94%E1%80%BA%E1%80%95%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%94%E1%80%B1%E1%80%B7%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95