ရန်ကုန်၊အောက်တိုဘာလ(၁)ရက်။
မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်နှင့်မလေးရှာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်တို့ပူးပေါင်း၍ မလေးရှာနိုင်ငံ ကွာလာလမ်ပူမြို့တွင် အောက်တိုဘာလ (၁)ရက်နေ့မှ နို၀င်ဘာလ (၂၃)ရက်နေ့အထိ ပူးတွဲလေ့ကျင့်ရန် သွားရောက်မည့် မြန်မာနိုင်ငံကြက်တောင်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင်၊ အတွင်းရေးမှူး ဦးဉာဏ်လွင်၊ တွဲဖက် အတွင်းရေးမှူး ဦးမျိုးကျော်သူ၊ နည်းပြချုပ် ဦးမောင်မောင်နှင့် အမျိုးသားအားကစားသမား (၃)ဦး၊ အမျိုးသမီးအားကစားသမား (၃)ဦးတို့သည် ယနေ့နံနက် (၁၁)နာရီ (၄၅)မိနစ် အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရှိရသည်။