spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-၁၈ ပြေးခုန်ပစ်ပြိုင်ပွဲများ စတင်ကျင်းပ

၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-၁၈ ပြေးခုန်ပစ်ပြိုင်ပွဲများ စတင်ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ (၁)ရက်။  
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-၁၈ ပြေးခုန်ပစ်ပြိုင်ပွဲများကို ယနေ့နံနက်(၆)နာရီခွဲအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းတွင် စတင်ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှတာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
 
 
 
ယနေ့ပြိုင်ပွဲများအဖြစ် မီတာ(၁၀၀၀၀) လမ်းလျှောက် (ကျား)၊ မီတာ(၄၀၀)အပြေး (ကျား/မ)၊ တုတ်ထောက်ခုန် (ကျား)၊ မီတာ (၁၀၀) တန်းကျော်ပြေး(ကျား/မ)၊ လှံတန်ပစ် (မ)၊ မီတာ (၁၀၀x၄) လက်ဆင့်ကမ်း (ကျား/မ)၊ သုံးဆင့်ခုန်(ကျား)၊ တန်းမြင့်ခုန်(မ)၊ မီတာ (၁၀၀) တန်းကျော်ပြေး(ကျား/မ)၊ မီတာ(၄၀၀) (ကျား/မ)၊ မီတာ (၁၅၀၀) (ကျား/မ)၊ သံပြားဝိုင်းပစ်(ကျား)၊ သံလုံးပစ်(မ)၊ မီတာ(၁၀၀x၄) လက်ဆင့်ကမ်း (ကျား/မ) ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပါသည်။
 
 
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသား မီတာ(၁၀၀၀၀)ပြိုင်ပွဲတွင် ပထမ စည်သူအောင်(ရှမ်း)၊ ဒုတိယ ဇွဲမာန်ထူး (ပဲခူး)၊ တတိယ စောရှီးရှို(ကယား)၊ အမျိုးသား တုတ်ထောက်ခုန် ပထမ ချစ်သွေးညီ(စစ်ကိုင်း)၊ ဒုတိယ ဆန်းမင်းအောင်(ပဲခူး)၊ တတိယ မင်းထက်ဇော်(ရခိုင်)တို့အား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ခင်မှလည်းကောင်း၊ အမျိုးသား သုံးဆင့်ခုန်ပြိုင်ပွဲတွင် ပထမ လှမျိုးနိုင်(ဧရာ၀တီ)၊ ဒုတိယ ၀ိုင်ထယ်ပိုင်(တနင်္သာရီ)၊ တတိယ ၀င်းမိုး အောင်(ပဲခူး) တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှလည်းကောင်း၊  အမျိုးသမီး မီတာ(၁၀၀)တန်းကျော်ပြေး ပြိုင်ပွဲတွင် ပထမ သက်နှင်းမွှေး(ဧရာ၀တီ)၊ ဒုတိယ အိဖြူ၀င်း(စစ်ကိုင်း)၊ တတိယ သင်းပပထွန်း(တနင်္သာရီ)တို့အား  အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှလည်းကောင်း၊ အမျိုးသား မီတာ(၁၀၀) တန်း ကျော်ပြေးပြိုင်ပွဲတွင် ပထမ သာထက်(ဧရာ၀တီ)၊ ဒုတိယ စိုးမိုးအောင်(မကွေး)၊ တတိယ ကျော်လွင်ဦး(မန္တလေး)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
 
ဆက်လက်၍ အမျိုးသမီး မီတာ(၄၀၀)အပြေးပြိုင်ပွဲတွင် ပထမ နွေဦးခိုင်ဇင်(တနင်္သာရီ)၊ ဒုတိယ ရီမြား(ကယား)၊ တတိယ ခိုင်ခိုင်မော်(စစ်ကိုင်း)၊ အမျိုးသား မီတာ(၁၅၀၀)အပြေးပြိုင်ပွဲတွင် ပထမ သန်းထိုက်စိုး(ရှမ်း)၊ ဒုတိယ ကျော်ဆွေ(ပဲခူး)၊ တတိယ ပန်းလေး (စစ်ကိုင်း)၊ အမျိုးသမီး မီတာ (၁၅၀၀) အပြေးပြိုင်ပွဲတွင် ပထမ လွီးဇာ(ကယား)၊ ဒုတိယ မိုးသီတာဇော်(ရှမ်း)၊ တတိယ ဇာဇာမျိုး(ဧရာ၀တီ)၊ အ မျိုးသမီး မီတာ(၁၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ  တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ဒုတိယ စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ တတိယ ဧရာ၀တီတိုင်းဒေသကြီးအသင်းတို့အား တာ၀န်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
 
အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲတွင် ၂၀၀၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ နန်းဝေလှိုင်(ရန်ကုန်)မှရရှိခဲ့သော စံချိန် ၁.၄၉ မီတာကိုကျော်လွန်၍ ယခု ပြိုင်ပွဲတွင် မြတ်နိုးသူ(တနင်္သာရီ)မှ စံချိန် ၁.၅၄ မီတာနှင့် ဖြူပြာမြင့်(ဧရာ၀တီ)မှ စံချိန် ၁.၅၄ မီတာဖြင့် စံချိန်သစ်တင်နိုင်ခဲ့ပါသည်။
 
အမျိုးသား သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ၂၀၀၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ ဒီရဲဝူ(ကချင်)မှရရှိခဲ့သော စံချိန် ၄၂.၁၆ မီတာကိုကျော်လွန်၍ ယခုပြိုင်ပွဲတွင် ဂျေရုမ်း(ကယား)မှ စံချိန် ၄၃.၂၃ မီတာဖြင့် စံချိန်သစ်တင်နိုင်ခဲ့ပါသည်။
 
အမျိုးသမီးသံလုံးပစ်ပြိုင်ပွဲတွင် ၂၀၀၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ ဂျေမီလီအေး(ကချင်)မှရရှိခဲ့သော စံချိန် ၁၁.၁၄ မီတာကိုကျော်လွန်၍ ယခု ပြိုင်ပွဲတွင် အေးချမ်းဗိုလ်(ပဲခူး)မှ စံချိန် ၁၁.၉၉ မီတာ၊ မှူးကိုဟော(ကယား)မှ စံချိန် ၁၁.၉၄ မီတာ၊ သင်းသင်းစိုး(မန္တလေး)မှ စံချိန် ၁၁.၄၈မီတာဖြင့် စံချိန်သစ်တင်နိုင်ခဲ့ပါသည်။
 
အမျိုးသမီး လှံတန်ပစ်ပြိုင်ပွဲတွင် ၂၀၁၆ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ ခရစ္စတီးနား(ကယား)မှရရှိခဲ့သော စံချိန် ၃၆.၄ မီတာကိုကျော်လွန်၍ ယခုပြိုင်ပွဲတွင် အေးချမ်းဗိုလ်(ပဲခူး)မှ စံချိန် ၃၈.၇၉ မီတာ၊ အယ်ဖူးမွန်(ကယား)မှ စံချိန် ၃၇.၅၉မီတာနှင့် ကတ်သရင်းမိုးဦး(ကယား)မှ စံချန် ၃၆.၇၅ဖြင့် စံချိန်သစ်တင်နိုင်ခဲ့ပါသည်။
 
အဆိုပါ ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-၁၈ ပြေးခုန်ပစ်ပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်း(၁၅)သင်း၊ အမျိုးသားအားကစားသမားဦးရေ (၂၃၄)ဦး၊ အမျိုးသမီးအားကစားသမားဦးရေ(၁၉၃)ဦး၊ စုစုပေါင်းအားကစားသမားဦးရေ(၄၂၇)ဦးဖြင့် (၁.၁၀.၂၀၁၉)ရက်နေ့မှ (၃.၁၀.၂၀၁၉)ရက်နေ့အထိ ၀ဏ္ဏသိဒ္ဓိအားကစားကွင်းတွင် နေ့စဉ်နံနက်(၆)နာရီခွဲအချိန်မှစတင်ပြီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ပြေးခုန်ပစ်အားကစားနည်းကို စိတ်ပါ၀င်စားသော အားကစား၀ါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။ 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-u-%E1%81%81%E1%81%88-%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%81%E1%80%AF%E1%80%94%E1%80%BA%E1%80%95%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%85%E1%80%90%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95