spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တက်ရောက်ကြည့်ရှုအားပေး

၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ အောက်တိုဘာ (၃)ရက်။

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၉ခုနှစ် တိုိင်းဒေသကြီးနှင့်ပြည်နယ် အလေးမပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ ၀ဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင် ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
ယနေ့ပြိုင်ပွဲများအဖြစ် အမျိုးသား(၆၁)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး(၅၅)ကီလိုတန်း၊ အမျိုးသား (၆၇)ကီလိုတန်းပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပါသည်။

ဆက်လက်၍ အမျိုးသား(၆၁) ကီလိုတန်းပြိုင်ပွဲတွင် အမြန်မ စံချိန် (၁၁၃)ကီလို၊ နှစ်ဆင့်မ စံချိန် (၁၄၀)ကီလို၊ စုစုပေါင်း စံချိန် (၂၅၃)ကီလိုဖြင့် ပထမ သီဟအောင်(မန္တလေး)၊ အမြန်မ စံချိန် (၈၅)ကီလို၊ နှစ်ဆင့်မ စံချိန် (၁၂၀)ကီလို၊ စုစုပေါင်း စံချိန် (၂၀၅)ဖြင့် ဒုတိယ ဆန်းထက်အောင်(ဧရာ၀တီ)၊ အမြန်မ စံချိန် (၇၉)ကီလို၊ နှစ်ဆင့်မ စံချိန် (၉၅)ကီလို၊ စုစုပေါင်း စံချိန် (၁၇၄)ကီလိုဖြင့် တတိယ မျိုးမင်းနိုင်(ရှမ်း)တို့သည် လည်းကောင်း၊ အမျိုးသမီး(၅၅)ကီလိုတန်း ပြိုင်ပွဲတွင် အမြန်မ စံချိန် (၈၉)ကီလို၊ နှစ်ဆင့်မ စံချိန် (၁၀၉)ကီလို၊ စုစုပေါင်း စံချိန် (၁၉၈)ကီလိုဖြင့် ပထမ ပြည့်ပြည့်ဖြိုး(မကွေး)၊ အမြန်မ စံချိန် (၆၅)ကီလို၊ နှစ်ဆင့်မ စံချိန် (၇၅)ကီလို၊ စုစုပေါင်း စံချိန် (၁၄၀)ကီလိုဖြင့် ဒုတိယ အေးယုခိုင်(မကွေး)၊ အမြန်မ စံချိန် (၅၉)ကီလို၊ နှစ်ဆင့်မ စံချိန် (၇၆)ကီလို၊ စုစုပေါင်း စံချိန် (၁၃၅)ကီလိုဖြင့် တတိယ မိုင်မိုးသီတာအေး (ပြည်ထောင်စု နယ်မြေနေပြည်တော်)တို့သည် လည်းကောင်း၊ အမျိုးသား (၆၇)ကီလိုတန်း ပြိုင်ပွဲတွင် အမြန်မ စံချိန် (၁၁၇)ကီလို၊ နှစ်ဆင့်မ စံချိန် (၁၅၀)ကီလို၊ စုစုပေါင်း စံချိန် (၂၆၇)ကီလိုဖြင့် ပထမ ကောင်းဆက်နိုင်(ပဲခူး)၊ အမြန်မ စံချိန် (၉၀)ကီလို၊ နှစ်ဆင့်မ စံချိန် (၁၁၅)ကီလို၊ စုစုပေါင်း စံချိန် (၂၀၅)ဖြင့် ဒုတိယ ကျော်ညီညီသာ(ဧရာ၀တီ)၊ အမြန်မ စံချိန် (၈၆)ကီလို၊ နှစ်ဆင့်မ စံချိန် (၁၀၆)ကီလို၊ စုစုပေါင်း စံချိန် (၁၉၂)ကီလိုဖြင့် တတိယ သက်ပိုင်စိုး(ရန်ကုန်)တို့သည် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ပါသည်။
အဆိုပါ  အလေးမပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(၇၃)ကီလိုတန်း၊ အမျိုးသမီး(၅၉)ကီလိုတန်း၊ အမျိုးသား(၈၁)ကီလိုတန်း ပြိုင်ပွဲများကို ၀ဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင် (၄.၁၀.၂၀၁၉) ရက်နေ့ နံနက်(၉)နာရီအချိန်မှစ၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အလေးမအားကစားနည်းကို စိတ်ပါ၀င်စားသော အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%94%E1%80%B1%E1%80%B7-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%81%8A