spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သော မြန်မာ-အင်္ဂလိပ်ဘာသာပြန် ကျွမ်းကျင်မှုသင်တန်းဆင်းပွဲနှင့် သင်တန်းအောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သော မြန်မာ-အင်္ဂလိပ်ဘာသာပြန် ကျွမ်းကျင်မှုသင်တန်းဆင်းပွဲနှင့် သင်တန်းအောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊အောက်တိုဘာ (၃)ရက်။       

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သော မြန်မာ-အင်္ဂလိပ် ဘာသာပြန်ကျွမ်းကျင်မှုသင်တန်းဆင်းပွဲနှင့် သင်တန်းအောင်လက်မှတ်ပေးအပ်ပွဲ အခမ်း အနားအား ယနေ့ညနေ(၃)နာရီခွဲအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ သင်တန်းဆရာ ဒေါက်တာသာစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့်   တာ၀န်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။

အစီအစဉ်အရ  ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်းတွင်လာရောက်သင်ကြားပို့ချပေးသော သင်တန်းဆရာ ဒေါက်တာသာစိန်အား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ နောင်ဖွင့်လှစ်မည့်သင်တန်းများတွင်လည်း ဆက်လက်ကူညီပေးစေလိုပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းသား/ သင်တန်းသူ များအနေဖြင့်မြန်မာ့အားကစားပိုမိုတိုးတက်အောင် IT    စွမ်းရည်၊ အင်္ဂလိပ်စာစွမ်းရည်၊ မြန်မာ-အင်္ဂလိပ် ဘာသာပြန် ကျွမ်းကျင်မှုလုပ်ငန်းစွမ်းရည်များဖြင့် တစ်ထောင့်တစ်နေရာမှ ဝိုင်း၀န်းကူညီဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းဆရာ ဒေါက်တာသာစိန်မှ နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယခုမြန်မာ-အင်္ဂလိပ်ဘာသာပြန်ကျွမ်းကျင်မှုသင်တန်းတွင် သင်တန်းဆရာအဖြစ် သင်တန်းပို့ချခွင့်ရသည့်အတွက် များစွာ ဂုဏ်ယူ၀မ်းမြောက်မိပါကြောင်း၊ ယခုသင်တန်းဖွင့်လှစ်သင်ကြားရခြင်းကြောင့် သင်တန်းသား/သင်တန်းသူများအနေဖြင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့ပါကြောင်း၊ နောင်ဖွင့်လှစ်မည့်သင်တန်းများတွင် လည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သင်တန်းတာ၀န်ခံ  ဒုတိယညွှန်ကြားရေးမှူး ဦးရဲလွင်မှ သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ သင်တန်းတွင် ပထမဆုရရှိသော ဒေါ်လွင်သော်တာဦး (စီမံကိန်းနှင့် သုတေသနဌာနခွဲ)၊ ဒုတိယဆုရရှိသော ဒေါ်အေးငြိမ်းသူ(ဆေးဘက်ဌာနခွဲ)၊ တတိယဆုရရှိသော ဒေါ်သီရိဝေဇော်(ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ-၁)တို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ကျန် သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ သင်တန်းတွင်လာရောက်ပို့ချသင်ကြားပေးသော သင်တန်းဆရာ ဒေါက်တာသာစိန်အား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပါသည်။
မြန်မာ-အင်္ဂလိပ်ဘာသာပြန် ကျွမ်းကျင်မှုသင်တန်းတွင် ပထမဆုရရှိသော ဒေါ်လွင်သော်တာဦးမှ သင်တန်းသား/သင်တန်းသူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား(၄)ဦး၊ သင်တန်းသူ(၁၉)ဦး၊ စုစုပေါင်း(၂၃)ဦးဖြင့် သင်တန်းအား(၂၀.၇.၂၀၁၉)ရက်နေ့မှ (၂၉.၉.၂၀၁၉)ရက်နေ့အထိ အပတ်စဉ် စနေ/တနင်္ဂနွေ ရုံး ပိတ်ရက်များတွင် သင်ကြားခဲ့ကြောင်းသိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%99%E1%80%BE-%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%9C%E1%80%BE%E1%80%85%E1%80%BA%E1%80%9E%E1%80%B1%E1%80%AC-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC-%E1%80%A1%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%9C%E1%80%AD%E1%80%95%E1%80%BA%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%95%E1%80%BC%E1%80%94%E1%80%BA