spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊အောက်တိုဘာ (၅)ရက်။        

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ ၀ဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင် ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးကျော်ဦးနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ တက်ရောက်ကြည့် ရှုအားပေးခဲ့ကြပါသည်။
ယနေ့ပြိုင်ပွဲများအဖြစ် အမျိုးသား(၈၉)ကီလိုတန်း၊ အမျိုးသမီး(၆၄)ကီလိုတန်း၊ အမျိုးသား(၉၆) ကီလိုတန်းပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပါသည်။

ဆက်လက်၍ အမျိုးသား(၈၉) ကီလိုတန်းပြိုင်ပွဲတွင် အမြန်မ စံချိန် (၁၂၅)ကီလို၊ နှစ်ဆင့်မ စံချိန် (၁၅၀)ကီလို၊ စုစုပေါင်း စံချိန် (၂၇၅)ကီလိုဖြင့် ပထမ ဝေယံဖြိုး(ပြည်ထောင်စုနယ်မြေနေပြည်တော်)၊ အမြန်မ စံချိန် (၁၀၀)ကီလို၊ နှစ်ဆင့်မ စံချိန် (၁၂၀)ကီလို၊ စုစုပေါင်း စံချိန် (၂၂၀)ဖြင့် ဒုတိယ သိုက်ဖုန်းမော်(မကွေး)၊ အမြန်မ စံချိန် (၈၇)ကီလို၊ နှစ်ဆင့်မ စံချိန် (၁၁၀)ကီလို၊ စုစုပေါင်း စံချိန် (၁၉၇)ကီလိုဖြင့် တတိယ စောအယ်ကလူး(ဧရာ၀တီ)တို့သည် လည်းကောင်း၊ အမျိုးသမီး(၆၄)ကီလိုတန်း ပြိုင်ပွဲတွင် အမြန်မ စံချိန် (၇၀)ကီလို၊ နှစ်ဆင့်မ စံချိန် (၉၇)ကီလို၊ စုစုပေါင်း စံချိန် (၁၆၇)ကီလိုဖြင့် ပထမ နော်တဘိုးရာ(ကယား)၊ အမြန်မ စံချိန် (၇၃)ကီလို၊ နှစ်ဆင့်မ စံချိန် (၉၂)ကီလို၊ စုစုပေါင်း စံချိန် (၁၆၅)ကီလိုဖြင့် ဒုတိယ သင်းသင်းစု(ရှမ်း)၊ အမြန်မ စံချိန် (၆၀)ကီလို၊ နှစ်ဆင့်မ စံချိန် (၈၀)ကီလို၊ စုစုပေါင်း စံချိန် (၁၄၀)ကီလိုဖြင့် တတိယ ရွှေရည်ဖူး(မကွေး)တို့သည် လည်းကောင်း၊ အမျိုးသား (၉၆)ကီလိုတန်း ပြိုင်ပွဲ တွင် အမြန်မ စံချိန် (၁၂၀)ကီလို၊ နှစ်ဆင့်မ စံချိန် (၁၅၀)ကီလို၊ စုစုပေါင်း စံချိန် (၂၇၀)ကီလိုဖြင့် ပထမ ၀င်းသော်(ကချင်)၊ အမြန်မ စံချိန် (၁၂၀)ကီလို၊ နှစ်ဆင့်မ စံချိန် (၁၄၄)ကီလို၊ စုစုပေါင်း စံချိန် (၂၆၄)ဖြင့် ဒုတိယ ဖြိုးဝေလင်း(ဧရာ၀တီ)၊ အမြန်မ စံချိန် (၁၀၀)ကီလို၊ နှစ်ဆင့်မ စံချိန် (၁၃၀)ကီလို၊ စုစုပေါင်း စံချိန် (၂၃၀)ကီလိုဖြင့် တတိယ သန့်ဇင်(မကွေး)တို့သည်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ပါသည်။

အဆိုပါ  အလေးမပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး(၇၁)ကီလိုတန်း၊ အမျိုးသမီး(၈၇)ကီလိုတန်း၊ အမျိုးသမီး(+၈၇)ကီလိုတန်းနှင့် အမျိုးသား(၁၀၂)ကီလိုတန်း၊ အမျိုးသား(+၁၀၉)ကီလိုတန်း ပြိုင်ပွဲများကို ၀ဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင် (၆.၁၀.၂၀၁၉) ရက်နေ့ နံနက်(၉)နာရီအချိန်မှစ၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ပြိုင်ပွဲအပြီးဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်ရာ အလေးမအားကစားနည်းကို စိတ်ပါ၀င်စားသော အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာ ရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95