spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆုအား မကွေးတိုင်းဒေသကြီးအသင်းမှ ဆွတ်ခူးရရှိ

၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆုအား မကွေးတိုင်းဒေသကြီးအသင်းမှ ဆွတ်ခူးရရှိ

 
နေပြည်တော်၊ အောက်တိုဘာ (၆)ရက်။      
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ ၀ဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင်ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးနှင့်တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကာ ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြပါသည်။
 
 
 
ယနေ့ပြိုင်ပွဲများအဖြစ် အမျိုးသမီး(၇၁)ကီလိုတန်း၊ အမျိုးသမီး(၈၇)ကီလိုတန်း၊ အမျိုးသမီး(+၈၇)ကီလိုတန်းနှင့် အမျိုးသား(၁၀၂)ကီလိုတန်း၊ အမျိုးသား(+၁၀၉)ကီလိုတန်း ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပါသည်။
 
ပြိုင်ပွဲအပြီးဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသား(၈၉)ကီလိုတန်းပြိုင်ပွဲတွင် ပထမ ရဲရင့်နိုင်(မကွေး)၊ ဒုတိယ နိုင်ရွှေxuf(ဧရာ၀တီ)၊ တတိယ ခိုင်မျိုးဦး(စစ်ကိုင်း)၊ အမျိုးသား(၉၆)ကီလိုတန်းပြိုင်ပွဲတွင် ပထမ အောင်သော်ဇင်(ရန်ကုန်)၊ ဒုတိယအောင်ကျော်သက်(ဧရာ၀တီ)၊ တတိယ ရဲပြည့်စိုး(ပြည်ထောင်စုနယ်မြေနေပြည်တော်)၊ အမျိုးသမီး(၇၁)ကီလိုတန်းပြိုင်ပွဲတွင် ပထမ ခိုင်သဇင် သင်း(ရန်ကုန်)၊ ဒုတိယ ဇင်မာအေး(မကွေး)၊ တတိယ သိမ့်သိမ့်မျိုး(မကွေး)၊ အမျိုးသမီး(၈၇)ကီလိုတန်းပြိုင်ပွဲတွင် ပထမ သင်းသင်းစိုး(စစ်ကိုင်း)၊ ဒုတိယ နှင်းနှင်းယု(မွန်)၊ အမျိုးသား(၁၀၂)ကီလိုတန်းပြိုင်ပွဲတွင် ပထမ အောင်မင်းခန့်(ရန်ကုန်)၊ ဒုတိယ ရှိုင်းကိုကို(ဧရာ၀တီ)၊ တတိယ ရဲနန္ဒ(ရှမ်း)၊ အမျိုးသား(+၁၀၉)ကီ လိုတန်းပြိုင်ပွဲတွင် ပထမ ရန်မျိုးကျော်(မန္တလေး)၊ ဒုတိယ စိုးအောင်မော်(ပဲခူး)၊ တတိယ ဘုန်းမြတ်ငြိမ်း(မကွေး)တို့အား တာ၀န်ရှိသူများမှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြပါသည်။
 
ဆက်လက်၍ အမျိုးသမီး(၆၄)ကီလိုတန်းပြိုင်ပွဲတွင် ပထမ ဝေဝေလှိုင်(မကွေး)၊ ဒုတိယ ဆုမြတ်မွန်(ရန်ကုန်)၊ တတိယ အေးငြိမ်းသူ(မကွေး) တို့အားမြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးလှမင်းစိုးမှလည်းကောင်း၊ အမျိုးသမီးအကောင်းဆုံးအားကစားသမားဆု ရရှိသွားသော (၅၅)ကီလိုတန်းမှ ပြည့်ပြည့်ဖြိုး(မကွေး)၊ အမျိုးသားအကောင်းဆုံးအားကစားသမားဆုရရှိသွားသော (၆၁)ကီလိုတန်းမှ သီဟအောင်(မန္တလေး)တို့အား မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးမှလည်းကောင်း၊
 
ဆက်လက်၍ အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုရရှိသွားသော ရမှတ်(၂၃၉)မှတ်ဖြင့် မကွေးတိုင်းဒေသကြီးအသင်း၊ အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိသွားသော ရမှတ်(၂၂၁)မှတ်ဖြင့် ဧရာ၀တီတိုင်းဒေသကြီးအသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှလည်းကောင်း၊
 
 
ဆက်လက်၍ ရမှတ်(၄၄၉)မှတ်ဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသွားသော မကွေးတိုင်းဒေသကြီးအသင်းနှင့် အမျိုးသား(+၁၀၉)ကီလိုတန်းပြိုင်ပွဲတွင် နှစ်ဆင့်မ စံချိန် မြန်မာပြည်စံချိန် (၁၈၀)ကီလိုကိုကျော်လွန်၍ (၁၈၁)ကီလိုဖြင့် လည်းကောင်း၊ စုစုပေါင်းမြန်မာပြည်သတ်မှတ်စံချိန်(၃၁၇)ကီလိုကိုကျော်လွန်၍(၃၂၁)ကီလိုဖြင့် စုစုပေါင်းမြန်မာပြည်စံချိန်သစ်တင်သွားသော ရန်မျိုးကျော်(မန္တလေး)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း ဆုများအသီးသီးပေး အပ်ချီးမြှင့်ပေးခဲ့ပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%81%8A