ရန်ကုန်၊ အောက်တိုဘာလ (၇)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့ နံနက်ပိုင်းတွင်ကျင်းပပြုလုပ်မည့် 1st ASEAN Plus Japan Meeting on Women and Sports နှင့် ညနေ့ပိုင်းတွင် ကျင်းပပြုလုပ်မည့် 2 nd ASEAN PLus Japan Senior Officials Meeting on Sports (2 nd SOMS + Japan) အစည်းအဝေးအား တက်ရောက်၍လည်းကောင်း၊ အောက်တိုဘာလ (၉)ရက်နေ့၌ 5th ASEAN Ministerial Meeting on Sports (AMMS-5)နှင့် (၅)ကြိမ်မြောက် အားဆီယံအားကစား၀န်ကြီးများ အစည်းအဝေးသို့တက်ရောက်ရန် ယနေ့နံနက်(၀၉:၅၀)အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ TG - 304 လေကြောင်းလိုင်းဖြင့် ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။