နေပြည်တော်၊ အောက်တိုဘာ (၁၀)ရက်။
၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲကို ယနေ့ညနေ(၃)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင် စတင်ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ ချုပ်မှတာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ယနေ့ ပွဲစဉ်များအဖြစ် အမျိုးသမီး(၄၅)ကီလိုတန်းပြိုင်ပွဲတွင် မော်မော်ထွေး(စစ်ကိုင်း)မှ နှင်းနှင်းအေး(ကရင်)ကိုလည်းကောင်း၊ အမျိုးသမီး(၅၄)ကီလိုတန်းပြိုင်ပွဲတွင် ဗျားမြာ(ကယား)မှ မနီ(ချင်း)ကိုလည်းကောင်း၊ အမျိုးသား(၄၆)ကီလိုတန်းပြိုင်ပွဲတွင် နိုင်းလိန်း(ချင်း)မှ တင်အောင်လင်း(ကချင်)ကိုလည်းကောင်း၊ နိုင်းဇော်အောင်(ဧရာ၀တီ)မှ တင်ထူးအောင်(ရန်ကုန်)ကိုလည်းကောင်း၊ အမျိုးသား(၄၉)ကီလိုတန်းပြိုင်ပွဲတွင် ထက်မြတ်ကျော်(တနင်္သာရီ)မှ ဇော်သီဟသွေး(မကွေး)ကိုလည်းကောင်း၊ အမျိုးသား(၅၆)ကီလိုပြိုင်ပွဲတွင် လမင်းကိုကို(ရန်ကုန်)မှ မောင်ပိုင်(ရှမ်း)ကိုလည်းကောင်း၊ သက်ဦးကျော်(ဧရာ၀တီ)မှ စိန်ထွန်း(စစ်ကိုင်း)ကိုလည်းကောင်း၊ အမျိုးသား(၆၀)ကီလိုပြိုင်ပွဲတွင် စောမြမိုး(ကရင်)မှ သိန်းထွန်း(ရခိုင်)ကိုလည်းကောင်း၊ ဆွမ်းလမ်မုန်(ချင်း)မှ ဇင်ကိုကိုထွေး(မကွေး)ကိုလည်းကောင်း၊ စောဘွယ်ကလို(ရန်ကုန်)မှ အောင်သူ(မန္တလေး)ကိုလည်းကောင်း၊ ဖြိုးကျော်(ပဲခူး)မှ ကျော်ခန့်လွင်(စစ်ကိုင်း)ကိုလည်း ကောင်း၊ နုတ်မာရ်(ကချင်)မှ သီဟမင်း(မွန်)ကိုလည်းကောင်း၊ အောင်ရဲသွင်(တနင်္သာရီ)မှ စသန်းဖြိုးဇော်(ဧရာ၀တီ)ကိုလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။
အဆိုပါ လက်ဝှေ့ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ပြိုင်ပွဲ၀င်အသင်း(၁၄)သင်း၊ အမျိုးသားပြိုင်ပွဲ၀င်အသင်း (၁၄)သင်း၊ အမျိုးသမီးပြိုင်ပွဲ၀င် အသင်း(၉)သင်း၊အမျိုးသားအားကစားသမား ဦးရေ (၈၀)ဦး၊ အမျိုးသမီး အားကစားသမားဦးရေ(၂၉)ဦး၊ စုစုပေါင်းအားကစားသမားဦးရေ(၁၀၉)ဦးဖြင့် (၁၀.၁၀.၂၀၁၉)ရက်နေ့မှ (၁၈.၁၀.၂၀၁၉)ရက်နေ့အထိ ၀ဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင် နေ့စဉ် ညနေ(၃)နာရီအချိန်မှစ၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် လက်ဝှေ့အားကစားနည်းကို စိတ်ပါ၀င်စားသော အားကစား၀ါသနာရှင်မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။