နေပြည်တော်၊ အောက်တိုဘာ (၁၁)ရက်။
၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ညနေ(၃)နာရီခွဲအချိန်တွင် နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း (၁/၃)တို့၌ ယှဉ်ပြိုင်ကစားကြရာ ယနေ့ ပွဲစဉ်များအဖြစ် ညနေ(၃)နာရီခွဲအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁)တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် လူမှု၀န်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဘက်(၃)ဂိုးစီသရေ ရလဒ်ဖြင့် လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၃)တွင် ကာကွယ်ရေး၀န်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာနအသင်းတိုို့့ယှဉ်ပြိုင်ကစားကြရာ စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာနအသင်းမှ (၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။
(၁၂.၁၀.၂၀၁၉)ရက်နေ့နှင့် (၁၃.၁၀.၂၀၁၉)ရက်နေ့များတွင် ပြိုင်ပွဲများရပ်နားမည်ဖြစ်ပြီး (၁၄.၁၀.၂၀၁၉)ရက်နေ့ပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် ပညာရေး၀န်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်းတို့သည် ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁)တွင်လည်းကောင်း၊ ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် နေပြည်တော်စည်ပင်အသင်းတို့သည် ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၃)တွင်လည်းကောင်း၊ ညနေ(၃)နာရီခွဲအချိန်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနအသင်းတို့သည် ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁)တွင်လည်းကောင်း၊ ကာကွယ်ရေး၀န်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာ၀န်ကြီးဌာနအသင်းတို့သည် ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၃)တို့တွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။