နေပြည်တော်၊ အောက်တိုဘာ (၁၁)ရက်။
၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို ယနေ့ညနေ(၃)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင်ယှဉ်ပြိုင်ကစားကြရာ ယနေ့ပွဲစဉ်များအဖြစ် အမျိုးသမီး(၄၈)ကီလိုတန်းပြိုင်ပွဲတွင် သင်းသင်းခိုင်(မကွေး)မှ မိုးသော်တာ(ရန်ကုန်)ကိုလည်းကောင်း၊ အမျိုးသမီး(၆၀)ကီလိုတန်းပြိုင်ပွဲတွင် ကေသွယ်ငြိမ်း(တနင်္သာရီ)မှ မူစိန်မြ(ရှမ်း)ကိုလည်းကောင်း၊ ဘောင်၀ါ(ချင်း)မှ နော်ဆာပူနာ(ကယား)ကို လည်းကောင်း၊ အမျိုးသား(၄၉)ကီလိုတန်းပြိုင်ပွဲတွင် ကျော်ဇင်၀င်း(ဧရာ၀တီ)မှ နေလင်းစိုး(မွန်)ကိုလည်းကောင်း၊ အောင်သူ၀င်း(ပဲခူး)မှ ဇင်မောင်၀င်း(မန္တလေး)ကိုလည်းကောင်း၊ ကျော်မင်းထွန်း(ရန်ကုန်)မှ ကျော်စိုးလင်း(စစ်ကိုင်း)ကို လည်းကောင်း၊ ထက်မြတ်ကျော်(တနင်္သာရီ)မှ နိုင်းယောဟန်(ချင်း)ကိုလည်းကောင်း၊ အမျိုးသား(၅၂)ကီလိုတန်းပြိုင်ပွဲတွင် အေးကိုဇင်(ကရင်)မှ ပေါင်ဆွင်းခိုင်(မကွေး)ကိုလည်းကောင်း၊ ဇော်ဇော်အောင်(တနင်္သာရီ)မှ အောင် ဆန်းလင်း(ကချင်)ကို လည်းကောင်း၊ အောင်အောင်(ရခိုင်)မှ နိုင်းထန်း(ချင်း)ကိုလည်းကောင်း၊ ဝေစိုး(ဧရာ၀တီ)မှ အောင်ငဲ(ကယား)ကိုလည်းကောင်း၊ အမျိုးသား(၆၄)ကီလိုတန်းပြိုင်ပွဲတွင် နေလင်းနိုင်(ပဲခူး)မှ အာကာဖြိုး(ဧရာ၀တီ)ကို လည်းကောင်း၊ ကျော်ဝေစိုး(မွန်)မှ စောဂျူနီယာလစ်ဗစ်စတုန်း(ကယား)ကိုလည်းကောင်း၊ စောဇော်သန်း(ကရင်)မှ ငြိမ်းချမ်းသူ(ရန်ကုန်)ကိုလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါ သည်။
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲများကို (၁၀.၁၀.၂၀၁၉)ရက်နေ့မှ (၁၈.၁၀.၂၀၁၉)ရက်နေ့အထိ ၀ဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင် နေ့စဉ်ညနေ(၃)နာရီအချိန်မှစ၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် လက်ဝှေ့အားကစားနည်းကို စိတ်ပါ၀င်စားသော အားကစား၀ါသနာရှင်မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။