spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး Exercise is Medicine သန်လျင်မြို့နယ် သီဟဒီပအားကစားကွင်း၌ ပြုလုပ်

ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး Exercise is Medicine သန်လျင်မြို့နယ် သီဟဒီပအားကစားကွင်း၌ ပြုလုပ်

 
ရန်ကုန်၊ အောက်တိုဘာလ(၁၁)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ ဦးဆောင်မှု့ဖြင့် Exercise is Medicine  လှုပ်ရှားမှု့ကို တစ်တိုင်ပြည်လုံးအတိုင်းအတာဖြင့် ပြည်သူလူထုတစ်ရပ်လုံး ကိုယ်လက်လှုပ်ရှားမှု့ကို ပါ၀င်လာစေဖို့ရည်ရွယ်ပြီး ပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း၊ ခေတ်နှင့်အညီ တိုးတက်လာတာနှင့် အမျှ ကျန်းမာရေး လိုက်စားမှု့နည်းပါးလာပြီး ကွန်ပျူတာ၊ ဂိမ်းတွေ ၊ အလုပ်ဖိစီးမှု့တွေ့နဲ့  နေ့မအား၊ ညမအား လုပ်နေတာမြင်ရတော့ ပြည်သူတွေ့ရဲ့ ကျန်းမာရေးထိခိုက်လာသည့် အပြင် ဆီးချို၊ သွေးချို၊ နှလုံးရောဂါ၊ ကင်ဆာရောဂါအပါအ၀င် နာတာရှည်ရောဂါတွေဖြစ်လာနေပါတယ်၊ ဒီရောဂါတွေဖြစ်ပြီဆိုရင် ဝေဒနာရှင်တွေကိုယ်တိုင်လည်းဘဲ ခံစားရမယ်၊ ဆေးကူသမှု့ကုန်ကျစရိတ် တွေများမယ်၊ ထို့အပြင် အလုပ်အကိုင်ပါပျက်စီးပြီး ကျန်တဲ့လူမှု့ရေးကိစ္စတွေပါ ထိပါးလာမှာဖြစ်ပါတယ်။ ထိုအပြင် တိုင်းပြည်ကလည်း ကျန်းမာရေး၀န်ဆောင်မှုလုပ်ငန်းတွေ အလွန်များပြားနေပြီး ဒါတွေကို လျော့ပါးစေနိုင်ရေးအတွက် တစ်ဘက်ကလည်း ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနကနေ ဦးစီးပြီး ပြည်သူလူထုအပါအ၀င် ကျောင်းသား/ကျောင်းသူတွေပါ၀င်လှုပ်ရှားလာစေဖို့ Exercise is Medicine ကို ဦးဆောင်လုပ်ဆောင်လှုပ်ရှားနေတဲ့အပြင် နိုင်ငံတော်ကချမှတ်ထားတဲ့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေတာဖြစ်ပါကြောင်း ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌားန ကျွမ်းကျင်သူ ဒေါက်တာရဲတင့်လွင်မှ ပြောကြားပါသည်။
 
ယနေ့နံနက် (၉) နာရီက သန်လျင်မြို့ သီဟဒီပ အားကစားကွင်း၌ ကျင်းပပြုလုပ်သည့်  ရန်ကုန် တောင်ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် သန်လျင်မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းကျင်းပသော ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး Exercise is Medicine  ကျင်းပခဲ့ရာ သန်လျင်မြို့နယ် အထက်တန်းကျောင်း (၄) ကျောင်းတို့မှ ကျောင်းသူအင်အား (၁၀၀၀) ကျော်တို့က အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ခိုင်ဇော၀ အကအဖွဲ့နှင့်အတူ ကိုယ်လက်လှုပ်ရှား Exercise အား စုပေါင်းပြုလုပ်ကြပြီး  ပါ၀င်လှုပ်ရှားကြသည့် အထက်တန်းကျောင်းများသို့  တောင်ပိုင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြအောင်မှ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။
 
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်း အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်း၊ တောင်ပိုင်းခရိုင် အားကစားအရာရှိများနှင့် ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ တက်ရောက်ကြည့်ရှု့အားပေးခဲ့ကြောင်း သတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%9C%E1%80%BE%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%86%E1%80%B1%E1%80%B8%E1%80%90%E1%80%85%E1%80%BA%E1%80%95%E1%80%AB%E1%80%B8-exercise-medicine-%E1%80%9E%E1%80%94%E1%80%BA%E1%80%9C%E1%80%BB%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA-%E1%80%9E%E1%80%AE%E1%80%9F%E1%80%92%E1%80%AE%E1%80%95%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%80%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%81%8C-%E1%80%95%E1%80%BC%E1%80%AF%E1%80%9C%E1%80%AF%E1%80%95%E1%80%BA