နေပြည်တော်၊ အောက်တိုဘာ (၁၂)ရက်။
၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ တတိယနေ့ပွဲစဉ်များကို ယနေ့ညနေ(၃)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင် ယှဉ်ပြိုင်ကစားကြရာ ယနေ့ပွဲစဉ်များအဖြစ် အမျိုးသား(၄၆)ကီလိုတန်းပြိုင်ပွဲတွင် အောင်မျိုးထွန်း(ကရင်)မှ ဖိုးရဲ(မကွေး)ကိုလည်းကောင်း၊ ထွဋ်ရဲနောင်(တနင်္သာရီ)မှ ရဲသူရအောင်(ပဲခူး)ကို လည်းကောင်း၊ ဇော်မင်းသိန်း(ရခိုင်)မှ စောဖိုးကတိုး(မွန်)ကိုလည်းကောင်း၊ ငိုင်းလိန်း(ချင်း)မှ နိုင်းဇော်အောင်(ဧရာ၀တီ)ကို လည်းကောင်း၊ အမျိုးသား(၅၆)ကီလိုတန်းပြိုင်ပွဲတွင် အောင်အောင်လွင်(ပဲခူး)မှ ရဲမြင့်ထွန်း(ရခိုင်)ကိုလည်းကောင်း၊ ပီတာရှယ်ထန်း(ချင်း)မှ စောနက္ခတ်အောင်(ကရင်)ကိုလည်းကောင်း၊ ဖြိုးရေ၀အောင်(မန္တလေး)မှ ၀င်းလင်း ထိန်(တနင်္သာရီ)ကို လည်းကောင်း၊ လမင်းကိုကို(ရန်ကုန်)မှ သက်ဦးကျော်(ဧရာ၀တီ)ကိုလည်းကောင်း၊ အမျိုးသား(၆၀)ကီလိုတန်းပြိုင်ပွဲတွင် စိုင်းနော်ကျောက်(ရှမ်း)မှ စိုင်းပြည့်ဖြိုး(ကယား)ကို လည်းကောင်း၊ စွမ်းလမ်မုန်(ချင်း)မှ စောမြမိုး(ကရင်)ကို လည်းကောင်း၊ စောဘွယ်ကလို(ရန်ကုန်)မှ ဖြိုးကျော်(ပဲခူး)ကိုလည်းကောင်း၊ နုတ်မာရ်(ကချင်)မှ အောင်ရဲသွင်(တနင်္သာရီ)ကိုလည်းကောင်း၊ အမျိုးသား(၆၉)ကီလိုတန်းပြိုင်ပွဲတွင် ၀င်းမင်းထွန်း(ရန်ကုန်)မှ သက်ကိုဦး(တနင်္သာရီ)ကိုလည်းကောင်း၊ ရဲလင်းအောင်(ပဲခူး)မှ စိုးမြတ်ထွန်း(မွန်)ကိုလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။
အဆိုပါ လက်ဝှေ့ပြိုင်ပွဲများကို (၁၃.၁၀.၂၀၁၉)ရက်နေ့တွင် ရပ်နားမည်ဖြစ်ပြီး (၁၄.၁၀.၂၀၁၉)ရက်နေ့မှ (၁၈.၁၀.၂၀၁၉)ရက်နေ့အထိ ပြိုင်ပွဲများကို ၀ဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင် ညနေ(၃)နာရီအချိန်မှစ၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် လက်ဝှေ့အားကစားနည်းကို စိတ်ပါ၀င်စားသော အားကစား၀ါသနာရှင်မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့် ရှုနိုင်ပါကြောင်း သိရှိရပါသည်။