spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျောင်းအခြေပြု စက်ဘီးစီးနင်းပွဲ လားရှိုး၌ ကျင်းပပြုလုပ်

ကျောင်းအခြေပြု စက်ဘီးစီးနင်းပွဲ လားရှိုး၌ ကျင်းပပြုလုပ်

 

လားရှိုး အောက်တိုဘာ ၁၆

လားရှိုးမြို့တွင် ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု စက်ဘီးစီးနင်းပွဲအား ယနေ့ နံနက်(၆)နာရီက လားရှိုး မိုတယ်ရှေ့မှစတင်၍ ဘူတာလမ်း လေယာဉ်ကွင်းလမ်းမှ လားရှိုးကြီးမီးပွိုင့်၊ ထိုမှတစ်ဆင့် ပြည်ထောင်စု အားကစားပြိုင်ကွင်းအတွင်းရှိ လေ့ကျင့်ရေးအားကစားရုံတွင် ပန်းဝင်သည့် စက်ဘီးစီးနင်းပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တက်ရောက်ဖွင့်လှစ်ပေးကာ ပါဝင်စီးနင်းခဲ့ပြီး လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုလည်း ပါဝင်အားပေး တက်ရောက်ခဲ့သည်။

"ကျောင်းသားလူငယ်တွေ လမ်းမှားမရောက်အောင်၊ ကျန်းမာရေးအတွက် အထောက်အကူလည်းဖြစ်စေပြီး ဆေးလိပ်ငွေ့ကင်းစင်တဲ့ ကျောင်းသားကျောင်းသူများဖြစ်လာစေရန်နှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေဖို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း" လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောကြားခဲ့သည်။

စက်ဘီးစီးဝါသနာရှင်များက သတ်မှတ်ထားသည့် လားရှိုးမိုတယ်ရှေ့တွင် စုရပ်ပြုကာ လားရှိုးမြို့ အခြေခံပညာကျောင်းများမှ စက်ဘီးချစ် ကျောင်းသား လူငယ်မောင်မယ် များ၊ တွဲဘက်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်း၊ လားရှိုးမြို့ ကျန်းမာရေးဌာနတို့က ပြုစုပေးခြင်းများဖြင့် စုစုပေါင်းအင်အား (၁၅၀)ခန့် ပါဝင်စီးနင်းခဲ့ကြပြီး လားရှိုးမြို့ ပြည်ထောင်စု အားကစားကွင်းရှိ လေ့ကျင့်ရေး အားကစားရုံ၌ ပန်းဝင်ခဲ့ကြကြောင်း သိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%95%E1%80%BC%E1%80%AF-%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%94%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BD%E1%80%B2-%E1%80%9C%E1%80%AC%E1%80%B8%E1%80%9B%E1%80%BE%E1%80%AD%E1%80%AF%E1%80%B8%E1%81%8C-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%95%E1%80%BC%E1%80%AF%E1%80%9C%E1%80%AF%E1%80%95%E1%80%BA