နေပြည်တော်၊ အောက်တိုဘာ (၁၇)ရက်။
၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံဘောလုံး(အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း (၁/၃)တို့၌ ယှဉ်ပြိုင်ကစားကြရာ ယနေ့ပွဲစဉ်များအဖြစ် ညနေ(၃)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁)တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းမှ (၃)ဂိုး (၂)ဂိုး ဖြင့်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၃)တွင် စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာနအသင်းနှင့် နေပြည်တော်စည်ပင်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန အသင်းမှ (၁)ဂိုး ဂိုးမရှိ ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။
(၁၈.၁၀.၂၀၁၉)ရက်နေ့တွင် ပြိုင်ပွဲများရပ်နားမည်ဖြစ်ပြီး (၁၉.၁၀.၂၀၁၉)ရက်နေ့ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းတွင် နံနက်(၇)နာရီခွဲအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်းနှင့် ကာကွယ်ရေး၀န်ကြီးဌာနအသင်းတို့ သည်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာနအသင်းတို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။