spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲဆိီမီးဖိုင်နယ် ပွဲစဉ်များယှဉ်ပြိုင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး အသင်းတို့ ဗိုလ်လုပွဲတက်ရောက်

၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲဆိီမီးဖိုင်နယ် ပွဲစဉ်များယှဉ်ပြိုင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး အသင်းတို့ ဗိုလ်လုပွဲတက်ရောက်

နေပြည်တော်၊အောက်တိုဘာ (၁၉)ရက်။         

၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ ယနေ့ပွဲစဉ်များ အဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်းနှင့် ကာကွယ်ရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်းမှ (၂)ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မိနစ်(၉၀)တွင် တစ်ဘက်(၁)ဂိုးစီ သရေကျနေပါသဖြင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ကစားရာ ဂိုးမရှိ သရေကျနေသောကြောင့် ပင်နယ်တီအဆုံးအဖြတ်ဖြင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အသင်းမှ (၈)ဂိုး (၇)ဂိုး ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။

(၂၀.၁၀.၂၀၁၉)ရက်နေ့တွင် ပြိုင်ပွဲများရပ်နားမည်ဖြစ်ပြီး (၂၁.၁၀.၂၀၁၉)ရက်နေ့  တတိယလုပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၌ စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီး ဌာနအသင်းနှင့် ကာကွယ်ရေး၀န်ကြီးဌာနအသင်းတို့သည်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ညနေ (၃)နာရီအချိန်တွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်း တို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%86%E1%80%AD%E1%80%AE%E1%80%99%E1%80%AE%E1%80%B8%E1%80%96%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%95%E1%80%BD%E1%80%B2%E1%80%85%E1%80%89%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA