spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဆုဖလားအား ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်းမှရရှိ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ဆုချီးမြှင့်

၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဆုဖလားအား ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်းမှရရှိ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ဆုချီးမြှင့်

နေပြည်တော်၊အောက်တိုဘာ (၂၁)ရက်။

၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ကို ယနေ့ညနေ(၃) နာရီအချိန်တွင် နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၌ ယှဉ်ပြိုင် ကစားကြရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ်ဦး၀င်းမြင့်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆွေဆွေအောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် တာ၀န်ရှိသူများ  တက်ရောက် ကြည့်ရှုအားပေးကာ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ယနေ့ယှဉ်ပြိုင်ကစားသော တတိယလုပွဲ ပွဲစဉ်အဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၌ စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာနအသင်းနှင့် ကာကွယ်ရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေး၀န်ကြီးဌာနအသင်းမှ (၅)ဂိုး (၃)ဂိုးဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ညနေ (၃)နာရီအချိန်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မိနစ်(၉၀)တွင် တစ်ဘက်(၁)ဂိုးစီ သရေကျနေပါသဖြင့် အချိန်ပို ဆက်လက် ယှဉ်ပြိုင်ကစားရာ ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်းမှ (၃)ဂိုး (၂)ဂိုး ဖြင့် လည်းကောင်း  အသီးသီးအနိုင်ရရှိခဲ့ပါသည်။

ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အကောင်းဆုံးဂိုးသမားဆုရရှိသော ကျောနံပါတ်(၁) ဇင်သူရ (ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်း)နှင့် အကောင်းဆုံးနောက်တန်း အားကစားသမားဆု ရရှိသော ကျောနံပါတ်(၂၅) အောင်ထက်ဝေ (ပြည်ထဲရေး၀န်ကြီးဌာနအသင်း)တို့အား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်မှလည်းကောင်း၊ အကောင်းဆုံးအလယ်တန်း အားကစားသမားဆုရရှိသော ကျောနံပါတ်(၁၆) ဇော်ဇော်ထွန်း (စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာနအသင်း)၊ အကောင်းဆုံးရှေ့တန်းအားကစားသမားဆု ရရှိသော ကျောနံ ပါတ်(၁၉) အောင်မျိုးမန်(ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်း)နှင့်  ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု ရရှိသော ကျောနံပါတ်(၁၀) ဇာနည် (ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်း)တို့အား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ လည်းကောင်း၊ ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အသန့်ရှင်းဆုံးဆုရရှိသော ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန အသင်းအား ငွေသားဆုနှင့် ဆုဖလားကိုလည်းကောင်း၊ စတုတ္ထဆုရရှိသော   စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာနအသင်းအား  ငွေသားဆုများကိုလည်း ကောင်း၊ ဆက်လက်၍ တတိယဆုရရှိသော ကာကွယ်ရေး၀န််ကြီးဌာနအသင်းအား ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ဆက်လက်၍ ဒုတိယဆုရရှိသော ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းအား ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ်ဦး၀င်းမြင့်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ဆက်လက်၍ ပထမဆုရရှိသော ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်းအား  ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးမှ တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆုများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%AF%E1%80%96%E1%80%9C%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8