spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ

၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ

 
နေပြည်တော်၊ ဇန်နဝါရီလ(၁၆)ရက်။
 
မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက် မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် (၉းဝဝ)နာရီအချိန်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲ ပွဲစဉ်များအား ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)ရုံတွင်ကျင်းပ ပြုလုပ်လျက်ရှိပါသည်။
 
ရှေးဦးစွာ (၄၅-၅ဝ) ကီလိုတန်း အတိုက် အမျိုးသားပြိုင်ပွဲတွင် သန်းလွင်ဦး (ကချင်) မှ ပထမ၊ ဝင်းကျော်ထက် (ရန်ကုန်) မှ ဒုတိယ၊ မင်းဇော်ဦး (ရခိုင်) မှ တတိယဆုကို လည်းကောင်း၊ (၅ဝ-၅၅) ကီလိုတန်း အတိုက် အမျိုးသမီးပြိုင်ပွဲတွင် ခင်နှောင်းတင့် (ရှမ်းပြည်နယ်) မှ ပထမ၊ မေဇင်ဦး (ရန်ကုန်) မှ ဒုတိယ၊ ဂျာဆန် (ကချင်) နှင့် အေးမြတ်ထွေး (ရခိုင်) တို့မှ ပူးတွဲတတိယဆုကိုလည်းကောင်း၊ 
 
တစ်ကိုယ်တော်အပြ ဝူမောင်ဝေ အမျိုးသားပြိုင်ပွဲတွင် အိုက်စိုးလင်း (စစ်ကိုင်း) မှ ပထမ၊ ဇော်ရဲနိုင် (ရန်ကုန်) မှ ဒုတိယ၊ မျိုးမင်းအောင် (မန္တလေး) မှ တတိယဆုကို လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ဆုဝေဝေနှင်း (ရန်ကုန်) မှ ပထမ၊ အိသက်ဇွန် (ရှမ်း) မှ ဒုတိယ၊ ယဉ်သိမ့်ချော (မွန်ပြည်နယ်) မှ တတိယဆုကိုလည်းကောင်း၊
 
သိုဗန်ညို အသင်းလိုက်ပြိုင်ပွဲတွင် ရာဇာထွန်း၊ မေဟန်နီအောင်လွင် (ပဲခူး) မှ ပထမ၊ ရဲမင်းအောင်၊ မြတ်စုသင်း (ရန်ကုန်) မှ ဒုတိယ၊ ဝေယံအောင်၊ နှင်းယုလင်း (မန္တလေး) မှ တတိယဆုကိုလည်းကောင်း၊ 
 
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၅၅-၆ဝ) ကီလိုတန်း အမျိုးသမီးနှင့် (၅ဝ-၅၅) ကီလိုတန်း အမျိုးသား ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရာ (၅၅-၆ဝ) ကီလိုတန်း အမျိုးသမီး ပြိုင်ပွဲတွင် ငြိမ်းငြိမ်းမိုး (ရခိုင်) မှ ပထမ၊ သူသူသန့် (မန္တလေး) မှ ဒုတိယ၊ စန္ဒာလင်း (ရှမ်း) မှ တတိယဆု ကိုလည်းကောင်း၊ (၅ဝ-၅၅) ကီလိုတန်း အမျိုးသား ပြိုင်ပွဲတွင် ဇော်ဝင်းဦး (ရန်ကုန်) မှ ပထမ၊ စိုင်းမြတ်သူ (ရှမ်း) မှ ဒုတိယ၊ အိုက်မြှား (ပဲခူး) နှင့် မောင်မောင်ဆန်း (ရခိုင်) တို့မှ ပူးတွဲ တတိယဆုကိုလည်းကောင်း၊
 
 
တစ်ကိုယ်တော်အပြ လောင်းအောင်ဝေ့ အမျိုးသားပြိုင်ပွဲတွင် ရာဇာထွန်း (ပဲခူး) မှ ပထမ၊ လပြည့်ဖြိုး (ရှမ်း) မှ ဒုတိယ၊ ရဲမင်းအောင် (ရန်ကုန်) မှ တတိယဆုကိုလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ပွင့်သီသီခိုင် (ရှမ်း) မှ ပထမ၊ မေလဲ့ဦး (မွန်) မှ ဒုတိယ၊ သဇင်သာထွေး (ရန်ကုန်) မှ တတိယဆုကို လည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ပါသည်။
 
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲကို ဇန်နဝါရီလ (၁၅) ရက်နေ့မှ (၁၈) ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (ဃ) ရုံတွင် ပြိုင်ပွဲများကို နံနက် (၉:ဝဝ) နာရီမှစတင်၍ ဆက်လက်ယှဉ်ပြိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%97%E1%80%AD%E1%80%AF%E1%80%97%E1%80%AE%E1%80%94%E1%80%99%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%94%E1%80%B1%E1%80%B7%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95