spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ရန်ကုန်မြို့တော်၀န်ဖလား တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအား ဒုတိယမြို့တော်၀န်တက်ရောက်ဖွင့်လှစ်ပေး

ရန်ကုန်မြို့တော်၀န်ဖလား တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအား ဒုတိယမြို့တော်၀န်တက်ရောက်ဖွင့်လှစ်ပေး

ရန်ကုန်၊ အောက်တိုဘာလ(၂၆)ရက်။        

ရန်ကုန်မြို့တော်၀န်ဖလား တင်းနစ်ပြိုင်ပွဲကို ကျင်းပလာတာဆိုရင်  ၂၀၀၆ခုနှစ်မှ စတင်၍ ယခုဆိုရင် (၁၂)ကြိမ်မြောက်သို့ ရောက်ရှိခဲ့ပြီး တင်းနစ်အားကစားသမား ဝါသနာရှင်များ တင်းနစ်အားကစားနည်းကို စိတ်ပါ၀င်စားမှု ပိုမိုအားကောင်းလာစေရန်နှင့် ကိုယ်တိုင်ကိုယ်ကျ ပါ၀င်လှုပ်ရှားကစားနိုင်စေရန်၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာရှိတဲ့  ကလပ်အသင်းများသာမက တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ကလပ်အသင်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ခင်ရင်းနှီးမှု ရရှိစေရေး၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ်အားကစားသမားများနှင့် နိုင်ငံ့ကိုယ်စားပြု လက်ရွေးစင် ကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်ကာ ယနေ့နံနက် (၈)နာရီက ရန်ကုန်မြို့ သိမ်ဖြူတင်းနစ်အားကစားကွင်း၌ ကျင်းပသော ၂၀၁၉ခုနှစ်၊ ရန်ကုန်မြို့တော်၀န်ဖလား တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပရာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်၀န် ဦးစိုးလွင်တက်ရောက် အဖွင့်အမှာ စကားပြောကြားကာ ဖွင့်လှစ်ပေးခဲ့သည်။

 

ဆက်လက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်နာယက ဒေါက်တာဦးစိုးလွင်နှင့် ရန်ကုန်တိုင်း ဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်၀န် ဦးစိုးလွင်၊  အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ အဖွဲ့ချုပ် နာယက ဦးစိုးလွင်နှင့် အဖွဲ့ချုပ်ဥက္ကဋ္ဌဦးသန်းလွင်တို့က ပြိုင်ပွဲအသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး ပထမနေ့ ပြိုင်ပွဲများကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ပထမတန်း/ဒုတိယတန်း အသင်းလိုက်ပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲများ၊ အသက်(၁၆)နှစ်အောက်အမျိုးသား/အမျိုးသမီးတစ်ဦးချင်ပြိုင်ပွဲ၊ အသက်(၁၄)နှစ်အောက် အမျိုးသား/အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲနှင့် နှစ်ယောက်ပေါင်းအသက်(၁၃၀) အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲများ ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲ၀င် အားကစားသမား(၂၅၀)ဦး ပါ၀င်ကြောင်း သတင်းရရှိသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%81%80%E1%80%94%E1%80%BA%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%AC%E1%80%B8-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%81%80%E1%80%94%E1%80%BA%E1%80%90%E1%80%80%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%9C%E1%80%BE%E1%80%85%E1%80%BA%E1%80%95%E1%80%B1%E1%80%B8