နေပြည်တော်၊ အောက်တိုဘာ (၂၅)ရက်။
၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်တွင် နေပြည်တော်၊ ငလိုက်ဆည်တွင်ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးထွန်းဦးနှင့် တာ၀န်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရိုးရာလှေအမျိုးသား (၇)တက်မီတာ(၂၀၀)ပြိုင်ပွဲ၊ ရိုးရာလှေ အမျိုးသမီး(၇)တက်မီတာ(၂၀၀)ပြိုင်ပွဲ၊ ရိုးရာလှေအမျိုးသား (၁၀)တက်မီတာ(၂၀၀)ပြိုင်ပွဲ၊ ရိုးရာလှေ အမျိုးသမီး(၁၀)တက်မီတာ(၂၀၀) ပြိုင်ပွဲ၊ ရိုးရာလှေ အမျိုးသား/အမျိုးသမီး (၁၀)တက် မီတာ(၂၀၀) ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ရိုးရာလှေ အမျိုးသမီး(၁၀)တက်မီတာ(၂၀၀)ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ စံချိန်(၁:၀၀.၆၂)စက္ကန့်ဖြင့်ပထမ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စံချိန်(၁:၀၁.၅၇)စက္ကန့်ဖြင့် ဒုတိယ၊ ဧရာ၀တီတိုင်းဒေသကြီးအသင်းမှ စံချိန် (၁:၀၂.၁၇)စက္ကန့်ဖြင့်တတိယတို့အားလည်းကောင်း၊ ရိုးရာလှေ အမျိုးသမီး(၇)တက်မီတာ(၂၀၀)ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ စံချိန်(၅၃.၁၃)စက္ကန့်ဖြင့်ပထမ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စံချိန်(၅၃.၅၁)စက္ကန့်ဖြင့်ဒုတိယ၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ စံချိန်(၅၅.၈၈)စက္ကန့်ဖြင့် တတိယတို့အားလည်းကောင်း၊ ရိုးရာလှေအမျိုးသား (၇)တက်မီတာ(၂၀၀)ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ စံချိန်(၄၄.၀၄)စက္ကန့်ဖြင့်ပထမ၊ ဧရာ၀တီတိုင်းဒေသကြီးအသင်းမှ စံချိန်(၄၄.၆၄)စက္ကန့်ဖြင့် ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စံချိန်(၄၇.၁၆)စက္ကန့်ဖြင့် တတိယတို့အား တာ၀န်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ရိုးရာလှေအမျိုးသား (၁၀)တက်မီတာ(၂၀၀)ပြိုင်ပွဲတွင် ဧရာ၀တီတိုင်းဒေသကြီးအသင်းမှ စံချိန်(၅၂.၈၃)စက္ကန့်ဖြင့်ပထမ၊ ရှမ်းပြည်နယ်အသင်းမှ စံချိန်(၅၃.၄၁)စက္ကန့်ဖြင့်ဒုတိယ၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ စံချိန် (၅၄.၀၀)စက္ကန့်ဖြင့်တတိယတို့အား မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးထွန်းဦးမှလည်းကောင်း၊
ဆက်လက်၍ ရိုးရာလှေ အမျိုးသား/အမျိုးသမီး(၁၀)တက် မီတာ(၂၀၀)ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စံချိန်(၅၅.၉၀)စက္ကန့်ဖြင့်ပထမ၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ စံချိန်(၅၆.၂၀)စက္ကန့်ဖြင့် ဒုတိယရှမ်းပြည်နယ်အသင်းမှစံချိန်(၅၆.၉၃)စက္ကန့်ဖြင့်တတိယတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ရွှေ(၂)ခု၊ ကြေး(၂)ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုရရှိသော မန္တလေးတိုင်းဒေသ ကြီးအသင်း၊ ရွှေ(၂)ခု၊ ငွေ(၁)ခု၊ ကြေး(၁)ခုဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိသော ဧရာ၀တီတိုင်းဒေသကြီးအသင်း၊ ရွှေ(၃)ခု၊ ငွေ(၄)ခု၊ ကြေး(၂)ဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။