spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ်၊ ဘော်ဒါဖလား မြန်မာ့ရိုးရာ ခြင်းလုံးဝိုင်းဖွဲ့ အမှတ်ခတ်ပြိုင်ပွဲများ စတင်ကျင်းပ

၂၀၁၉ခုနှစ်၊ ဘော်ဒါဖလား မြန်မာ့ရိုးရာ ခြင်းလုံးဝိုင်းဖွဲ့ အမှတ်ခတ်ပြိုင်ပွဲများ စတင်ကျင်းပ


 

ရန်ကုန်၊အောက်တိုဘာလ(၂၉)ရက်။

၂၀၁၉ခုနှစ်၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော ဘော်ဒါဖလားမြန်မာ့ရိုးရာ ခြင်းလုံးဝိုင်းဖွဲ့အမှတ်ခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့အောင်ဆန်းအားကစားပြိုင်၀င်း ၊ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပရာ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးသက်လွင် တက်ရောက် အဖွင့်အမှာစကား ပြောကြားရာ ကျွန်တော်တို့ ရိုးရာခြင်းလုံးအဖွဲ့ချုပ်ရဲ့ အဓိကတာ၀န်ဖြစ်တဲ့ ရိုးရာခြင်းလုံး အားကစားနည်း တိုးတက်အောင် ''အများပြည်လုံး တစ်ပြုံးပြုံး ခြင်းလုံးခတ်ကာ ကစားပါ'' ဆိုသည့် ဆောင်ပုဒ်အတိုင်း တစ်တိုင်းပြည်လုံး ခြင်းလုံးခတ်ကစားခြင်းကို စိတ်၀င်စားလာစေရန် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ လူငယ်/လူထုအတွင်း ခြင်းလုံးအားကစားနည်း ပါ၀င်ကစားလာနိုင်ပါက လူအများလုပ်ဆောင်ရသည့် စုပေါင်းလုပ်ဆောင်မှုကောင်းများ ရရှိနိုင်သည့်အပြင် ခန္ဓာကိုယ်ကျန်းမာသန်စွမ်းလန်းဆန်းစေနိုင်ပါသည်။ ဒါ့အပြင် လူငယ်ထုအတွင်း မလိုလားအပ်တဲ့ မူးယစ်ဆေးဝါးစတဲ့ အန္တရာယ်များမှာလည်း ကင်းဝေးမှာဖြစ်ပါကြောင်း၊ အဖွဲ့ချုပ်အနေဖြင့်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ် ၊ မြို့၊ ရွာများပါမကျန် ခြင်းလုံးအားကစားနည်း တိုးတက်အောင် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားသွားပြီး အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုကြသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် နာယကများ၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်နှင့် ဒုတိယဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်း ဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က ပြိုင်ပွဲ၀င် အသင်းများအား လိုက်လံနှုတ်ဆက်ကြသည်။

အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲ၀င် အသင်းပေါင်း (၂၁)သင်းတို့က ပြိုင်ပွဲအမျိုးအစား(၄)မျိုး ကျင်းပတာဖြစ်ပြီး ဆုကြေးများအဖြစ် တံခွန်စိုက် (၁၀)ပေါက်တန်းပြိုင်ပွဲတွင် ပထမ(၂၀)သိန်း၊ ဒုတိယ(၁၅)သိန်း၊ တတိယ(၁၀)သိန်း၊ (၆)ပေါက်တန်း ပြိုင်ပွဲတွင် ပထမ(၁၀)သိန်း၊ ဒုတိယ(၈)သိန်း၊ တတိယ(၆)သိန်းနှင့် အမျိုးသား (၄)ပေါက်တန်းနှင့် အမျိုးသမီး(၄)ပေါက် တန်းပြိုင်ပွဲများတွင် ပထမ(၇)သိန်း၊ ဒုတိယ(၅)သိန်းနှင့် တတိယ(၃)သိန်း အသီးသီးချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%92%E1%80%AB%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC-%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%9D%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%96%E1%80%BD%E1%80%B2%E1%80%B7-%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA%E1%80%81%E1%80%90%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%85%E1%80%90%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95