spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ အားကစားကွင်း၊ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြား

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ အားကစားကွင်း၊ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာလ(၂၉)ရက်။
အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်သည် (၂၆.၁၀.၂၀၁၉)ရက်နေ့မှ (၂၈.၁၀.၂၀၁၉)ရက်နေ့တို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်း၊ အားကစားရုံများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားရာ ၂၀၂၀ ခုနှစ်မှစတင်၍ ဝန်ထမ်းများရာထူးတိုးတွင် ရေးဖြေစစ်ဆေးခြင်း၊ နှုတ်ဖြေစစ်ဆေးခြင်းများ ပြုလုပ်သွားမည် ဖြစ်သဖြင့် ဝန်ထမ်းများအနေနှင့် အရည်အသွေးပြည့်ဝရေး၊ အားကစားလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ ယနေ့တိုးတက်လာသော ခေတ်နှင့်အညီ English နှင့် ကွန်ပျူတာဘာသာရပ်များကိုလည်း လေ့လာသင်ယူကြစေလိုကြောင်း၊ အားကစားကွင်း သာယာလှပမှ ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် အားကစားကွင်း၊ အားကစားရုံများတွင် ပျော်ရွှင်စွာဖြင့် လာရောက်ကစားနိုင်ရန်အတွက် သန့်ရှင်းရေး အထူးဂရုပြုဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

 

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%80%8A%E1%80%BD%E1%80%BE%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA-%E1%80%A6%E1%80%B8%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA-%E1%80%A7%E1%80%9B%E1%80%AC%E1%80%9D%E1%80%90%E1%80%AE%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%81%8A