spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ဖွင့်လှစ်

၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ဖွင့်လှစ်

နေပြည်တော်၊စက်တင်ဘာ (၂)ရက်။    

၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ ပြိုင်ပွဲ၀င် အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် ပြိုင်ပွဲ၀င်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သော တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းမှာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် မျိုးဆက်သစ် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဖွားတိုင်းရင်းသား အမျိုးသမီးငယ်လေးများ ဘောလုံးအားကစားနည်းကို စိတ်ပါ၀င်စားလာစေရေး၊ အမျိုးသမီး ဘောလုံးအားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးကို ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ အမျိုးသမီးဘောလုံး အားကစားသမားများအနေဖြင့် မိမိတို့၏ အရည်အသွေးများကို ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓါတ်အပြည့်အ၀ဖြင့် ယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊  ပြိုင်ပွဲတွင် ကြီးကြပ်ဆောင်ရွက်သွားကြမည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းရှင်းပြီး တရားမျှတမှန်ကန်စွာ ဆုံးဖြတ် ဆောင်ရွက်သွားကြစေလိုကြောင်း၊ မြန်မာ့ဘောလုံးအားကစား  တိုးတက်မြင့်မားလာစေရေးအတွက် ဝိုင်း၀န်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာ၀န်ရှိသူများမှ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ၀င် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားကို  ရုပ်သိမ်းခဲ့သည်။

ထို့နောက်  ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ပွဲစဉ်အဖြစ် ကရင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်နေမှုများအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာ၀န်ရှိသူများ ကြည့်ရှု့အားပေးခဲ့ကြရာ ပြိုင်ပွဲအပြီး  ကရင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဘက်(၁)ဂိုး စီသရေရလာဒ်ဖြင့်လည်းကောင်း၊ (၃၁.၁၀.၂၀၁၉) ရက်နေ့ ပွဲစဉ်များအဖြစ် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ နံနက်(၇)နာရီခွဲအချိန်တွင် ကယားပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း(၁)၌ ညနေ(၃)နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ရှမ်းပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းတို့သည်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါ ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19(အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ပြိုင်ပွဲ၀င်အသင်း(၁၄)သင်း၊ ပြိုင်ပွဲ၀င် အားကစားသမားဦးရေ စုစုပေါင်း(၂၅၁)ဦးဖြင့် ပါ၀င်ယှဉ်ပြိုင်ကစားလျက်ရှိပြီး အဆိုပါပြိုင်ပွဲအား (၃၀.၁၀.၂၀၁၉)ရက်နေ့မှ (၁၂.၁၁.၂၀၁၉)ရက်နေ့အထိ ၀ဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း(၁)နှင့် (၃)တို့တွင် နေ့စဉ်နံနက် (၇)နာရီခွဲနှင့် ညနေ(၃) နာရီအချိန်တို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဘောလုံးအားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-u-19-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2