နေပြည်တော်၊နို၀င်ဘာ (၁)ရက်။
၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ တတိယနေ့ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားကြရာ ယနေ့ပွဲစဉ်များအဖြစ် ညနေ(၃) နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့်ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရခိုင်ပြည်နယ်အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့််လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ဧရာ၀တီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ ဧရာ၀တီတိုင်းဒေသကြီးကို (၃)ဂိုး(၁) ဂိုးဖြင့်် လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာ၀န် ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
(၂.၁၁.၂၀၁၉)ရက်နေ့တွင် အုပ်စုပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ကရင်ပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့သည် လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအား ကစားကွင်း(၃)၌ မွန်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီီးအသင်းတို့သည်လည်းကောင်း၊ ညနေ(၃) နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း (၁)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့သည်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ တနင်္သာရီတိုင်းဒေသကြီး အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင် ပါကြောင်း သတင်းရရှိပါသည်။