spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ် တိုိင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းပြိုင်ပွဲ ဆုပေးပွဲကျင်းပ၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆုအား ရန်ကုန်တိုင်းဒေသကြီးအသင်းမှရရှိ

၂၀၁၉ခုနှစ် တိုိင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းပြိုင်ပွဲ ဆုပေးပွဲကျင်းပ၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆုအား ရန်ကုန်တိုင်းဒေသကြီးအသင်းမှရရှိ

နေပြည်တော်၊နို၀င်ဘာ(၅)ရက်။   

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းပြိုင်ပွဲများကို ယနေ့နံနက်(၈) နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဦးနှင့် တာ၀န်ရှိသူများ၊ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်နှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ခင်လေးနှင့် တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကာ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ယနေ့ပွဲစဉ်များအဖြစ် (၉)ယောက်တွဲအကြီးတန်းပြိုင်ပွဲ၊ တစ်ဦးချင်းပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲများ ကို ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အကြီးတန်းအသင်းလိုက် (၉) ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန််တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ကချင်ပြည်နယ်၊ တတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊နှစ်သိမ့်ဆုရရှိသော ကရင်ပြည်နယ်အသင်းနှင့်မွန်ပြည် နယ်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားဆပ်ကော်မတီနာယက ဒေါ်အေးအေးမြင့် မှလည်းကောင်း၊    ဆက်လက်၍ အကြီးတန်းအသင်းလိုက်(၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်း ဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ကချင်ပြည်နယ်အသင်း၊ တတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ နှစ်သိမ့်ဆုရရှိသော ရခိုင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့အား မြန်မာ နိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဌဒေါ်ခင်လေးမှလည်းကောင်း၊    ဆက်လက်၍ အငယ်တန်း အသင်းလိုက်(၉)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ကချင်ပြည်နယ်အသင်း၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသောမွန်ပြည်နယ်အသင်း၊ နှစ်သိမ့်ဆုရရှိသော ကရင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့အား မြန်မာနိုင်ငံ အမျိုး သမီးရေးရာအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါ်မေစိုးမှလည်းကောင်း၊    ဆက်လက်၍ အကြီးတန်းတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော စန္ဒာပြည့်(ကချင်ပြည်နယ်)၊ ဒုတိယဆုရရှိသော ရတနာလင်း(ရန်ကုန်တိုင်းဒေသကြီး)၊ တတိယဆုရရှိသော ထက်မြတ်ငြိမ်း (စစ်ကိုင်း တိုင်းဒေသကြီး)၊ နှစ်သိမ့်ဆုရရှိသောအေးအေးစိုး(ရခိုင်ပြည်နယ်)နှင့် နှင်းေ၀လင်း(မွန်ပြည်နယ်)တို့အား မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါ်တင်တင်လတ်မှလည်းကောင်း၊    ဆက်လက်၍ Myanmar Fitness Dance ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ရှမ်းပြည်နယ်အသင်း၊ တတိယဆုရရှိသော ကချင်ပြည်နယ်အသင်း၊ နှစ်သိမ့်ဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့အား မြန်မာနိုင်ငံ အမျိုး သမီးရေးရာအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာသက်သက်ဇင်မှလည်းကောင်း၊    ဆက်လက်၍ ရွှေ(၃)ခု၊ငွေ(၂)ခုဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီး အသင်းအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဒေါက်တာမြလေးစိန်မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။    

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%AD%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%80%E1%80%AC%E1%80%9A%E1%80%80%E1%80%BC%E1%80%B6%E1%80%B7%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%AF-%E1%80%9C%E1%80%B1%E1%80%B7%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B7%E1%80%81%E1%80%94%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2