spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ် တိုိင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၁၉ခုနှစ် တိုိင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊နို၀င်ဘာ(၅)ရက်။   

၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19(အမျိုးသမီး)ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားကြရာ ယနေ့ပွဲစဉ်များအဖြစ် ညနေ(၃)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ (၄)ဂိုး (၁)ဂိုးဖြင့်် လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း (၃)၌ ဧရာ၀တီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဧရာ၀တီတိုင်း ဒေသကြီးအသင်းမှ (၅)ဂိုး ဂိုးမရှိဖြင့်် လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

(၆.၁၁.၂၀၁၉)ရက်နေ့တွင် ပြိုင်ပွဲများ ရပ်နားမည်ဖြစ်ပြီး (၇.၁၁.၂၀၁၉)ရက်နေ့တွင် ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် နံနက်(၇) နာရီခွဲအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့သည်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဧရာ၀တီတိုင်းဒေသကြီးအသင်း တို့သည်လည်းကောင်း၊ ညနေ(၃) နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့သည်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း(၃)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့်  ဘောလုံးအားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများ အနေဖြင့် အခမဲ့လာရောက်ကြည့်ရှု့နိုင်ပါကြောင်း သတင်းရရှိပါသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%AD%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-u-19-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%A1%E1%80%AF%E1%80%95%E1%80%BA%E1%80%85%E1%80%AF%E1%80%95%E1%80%BD%E1%80%B2%E1%80%85%E1%80%89%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-0