နေပြည်တော်၊နို၀င်ဘာ(၇)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ယောဂနည်းပြသင်တန်း အလုပ်ရုံဆွေးနွေးပွဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ(၆)နာရီအချိန်တွင် နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ အိန္ဒိယနိုင်ငံ ယောဂနည်းပြဆရာမ ျြ. ြညျေေ့ ဗါမနပနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ယောဂကျင့်စဉ်သည် ရှေးယခင်ကတည်းက ပေါ်ပေါက်လာခဲ့သော ကျန်းမာရေးကောင်းမွန်စေသော ကျင့်စဉ်တစ်ခုဖြစ်သည်မှာ အားလုံးသိရှိပြီးဖြစ်ပါဖြစ်ကြောင်း၊ ယောဂကျင့်စဉ်များအမျိုးမျိုးရှိကြပြီး အမျိုးမျိုးသောကျင့်စဉ်များအားလုံးကို လူအများစိတ်၀င်စားအောင် အမြဲတမ်းကြိုးစားနေသည်ကို အားလုံးတွေ့မြင်ကြရမှာဖြစ်ကြောင်း၊ ယောဂကျင့်စဉ်သည် လူ့ခန္ဓာကိုယ်၏ ကျန်းမာရေးကိုများစွာအထောက်အကူပြုသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ လူ့ခန္ဓာကိုယ်နှင့်စိတ်ကို ယှဉ်တွဲလုပ်ဆောင်ရသော အသက်ရှူလေ့ကျင့်ခန်းများ၊ ခန္ဓာကိုယ်ပျော့ပျောင်းညင်သာစေသော လေ့ကျင့်ခန်းများဖြစ်သည်ကို လက်တွေ့သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယောဂ လေ့ကျင့်ခန်း ကျင့်စဉ်များကို ပြုလုပ်ခြင်းအားဖြင့် စိတ်ပင်ပန်းမှု၊ စိုးရိမ်ပူပန်မှုများကို လျော့ချစေနိုင်ခြင်း၊ နှလုံးနှင့်ပတ်သက်သော ကျန်းမာရေးကိုပိုမိုကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်၌ နှစ်ရှည်လများခံစားနေရသော နာကျင်မှုဝေဒနာများကို လျော့ချပေးနိုင်ခြင်း၊ ခန္ဓာကိုယ်ပျော့ပျောင်းညင်သာစေခြင်း၊ အသက်နှင့်ဘ၀လမ်းကြောင်းကို ပိုမိုကောင်းမွန်လာစေပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုများစွာ အထောက်အကူပြုသည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း ၊ ယောဂကျင့်စဉ် ဆောင်ပုဒ်ဖြစ်သော "သင့်ကို သင်သာ စည်းရုံးပါ" ဟူသော ဆောင်ပုဒ်နှင့်အညီ မိမိကိုယ်တိုင်ကျင့်ကြံသကဲ့သို့ သက်ကြီးရွယ်အိုများ၊ လူငယ်လူရွယ်များ ပြည်သူလူထုအတွင်း ပြန့်ပွားလာအောင်ဆင့်ပွား သင်တန်းများပေးပြီး စည်းရုံးဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ အိန္ဒိယနိုင်ငံ၊ ယောဂနည်းပြ ဆရာမ Ms. Mansha Agrey သင်တန်းသား / သင်တန်းသူများအား နှုတ်ဆက်စကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ယောဂနည်းပြ ဆရာမ Ms. Mansha Agreyအား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ရာ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသား/သင်တန်းသူ(၁)ဦးစီမှ လက်ခံရယူပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ ယောဂသင်တန်းအလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုနယ်မြေနေပြည်တော်အပါအ၀င် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ(၆) ကျောင်း ၊ ပြည်ထောင်စု၀န်ကြီးရုံး (အားကစား)နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးချုပ်ရှိ အရာထမ်း/အမှုထမ်းများ၊ စုစုပေါင်းသင်တန်းသားဦးရေ (၂၅၂)ဦးဖြင့် (၄.၁၁.၂၀၁၉)ရက်နေ့မှ (၆.၁၁.၂၀၁၉) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။