ရန်ကုန်၊ နို၀င်ဘာလ(၁၃)ရက်
၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူတင်းနစ်ကွင်း၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင် ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသန်းလွင်၊ အတွင်းရေးမှူးနှင့်အမှုဆောင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ပြိုင်ပွဲ၀င်အသင်း အုပ်ချုပ်သူနည်းပြနှင့် ကစားသမားများတက်ရောက်ကြသည်။
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးကအဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အတူ ပြိုင်ပွဲ၀င်အသင်းများအား လိုက်လံနှုတ်ဆက် အားပေးခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲ၀င်အမျိုးအစား(၇)မျိုးဖြင့် အမျိုးသားအသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသား တစ်ဦးချင်း ပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက် တွဲပြိုင်ပွဲ၊ အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲ၊ အမျိုးသား+အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲများဖြစ်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်မှ အသင်း(၁၃)သင်း၊ ကစားသမားစုစုပေါင်း (၁၂၂)ဦးတို့သည် နို၀င်ဘာလ(၁၈)ရက်နေ့အထိ နံနက်(၈)နာရီမှ ညနေ(၄)နာရီအထိ ကျင်းပယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရှိရသည်။