spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တတိယအကြိမ် Royal - D FUTURE STAR CUP 2019 စားပွဲတင်တင်းနစ်ပြိုင်ပွဲ

တတိယအကြိမ် Royal - D FUTURE STAR CUP 2019 စားပွဲတင်တင်းနစ်ပြိုင်ပွဲ

ရန်ကုန်၊ နို၀င်ဘာလ(၁၆)ရက်။            

မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်အတွက် လူငယ်မျိုးဆက်သစ် ကစားသမားများ ရှာဖွေဖော်ထုတ်ပေးရန်နှင့် ထိုမှတဆင့် လူငယ်လက်ရွေးစင်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်နှင့် Wow Sports မှ ကြီးမှူးကျင်းပသော (၃)ကြိမ်မြောက် Royal - D FUTURE STAR CUP 2019 စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ်(၃၇)ကျွန်းတောလမ်းရှိ  Times City Jewellery Mall ၌ ကျင်းပရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် အမှုဆောင်များ၊ Royal - D နှင့် Times City  မှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြိုင်ပွဲ၀င်အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် သက်ဆိုင်ရာတာ၀န်ရှိ ပုဂ္ဂိုလ်များက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော် က ပြိုင်ပွဲကျင်းပရာတွင်ပံ့ပိုးကူညီပေးခဲ့သော ပုဂ္ဂိုလ်များအားဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် Times City  မှ  Mr. Xiao  Shi  တို့က စားပွဲတင်တင်းနစ်ရိုက်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အသက်(၁၂)နှစ်အောက် အမျိုးသား/အမျိုးသမီးပြိုင်ပွဲ၊ အသက်(၁၅)နှစ်အောက် အမျိုးသား/အမျိုးသမီးပြိုင်ပွဲ၊ အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီးပြိုင်ပွဲများဖြစ်ပြီး အားကစား နှင့် ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ  ကလပ်ပေါင်းစုံမှ အားကစားသမား စုစုပေါင်း(၁၀၀)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရှိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%90%E1%80%AD%E1%80%9A%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA-royal-d-future-star-cup-2019-%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%84%E1%80%BA%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2