ရန်ကုန်၊ နို၀င်ဘာလ(၁၈)ရက်။
၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီကရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာ သိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင် ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ မြန်မာနိုင်ငံရန်ကုန်တက္ကသိုလ် တင်းနစ်ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုးမြမြအေးနှင့် အတွင်းရေးမှူး ဒေါက်တာရဲထွန်း၊ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်နာယက ဦးထွန်းရီ၊ မြန်မာနိုင်ငံတင်းနစ် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသန်းလွင်၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်မှ ဆုရအသင်းများ တက်ရောက် ကြသည်။
ဗိုလ်လုပွဲများအပြီးတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင် ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ် တင်းနစ်ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုးမြမြအေးနှင့် အတွင်းရေးမှူးဒေါက်တာရဲထွန်း၊ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်နာယက ဦးထွန်းရီ၊ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသန်းလွင်၊ အတွင်းရေးမှူးနှင့် အမှုဆောင်တို့က ဆုရရှိခဲ့ကြသည့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား+အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတို့ကိုလည်းကောင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမ (မန္တလေး တိုင်းဒေသကြီး)၊ ဒုတိယ(ရန်ကုန်တိုင်းဒေသကြီး)၊ ပူးတွဲတတိယဆုကို (ကချင်ပြည်နယ်) နှင့် (ချင်းပြည်နယ်)တို့အားလည်းကောင်း၊ အမျိုးသား အသင်းလိုက်ပြိုင်ပွဲတွင် ပထမ (ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယ(ချင်းပြည်နယ်)၊ ပူးတွဲတတိယဆုကို(ဧရာ၀တီတိုင်းဒေသကြီး)နှင့်(ပဲခူးတိုင်းဒေသကြီး)တို့ကိုလည်းကောင်း၊ အကောင်းဆုံးအမျိုးသမီး အားကစားသမားဆုကို အိဖြူ(မန္တလေးဒေသကြီး) နှင့် အကောင်းဆုံး အမျိုးသား အားကစားသမားဆုကို ဆဲလျန်ဇူးလ် (ချင်းပြည်နယ်) တို့အားလည်းကောင်း၊ အမျိုးသမီး တံခွန်စိုက်ဆုရ (မန္တလေးတိုင်းဒေသကြီး)အသင်း နှင့် အမျိုးသား တံခွန်စိုက်ဆုရ (ရန်ကုန်တိုင်း ဒေသကြီး) အသင်းတို့အားလည်းကောင်း၊ စုပေါင်းတံခွန်စိုက်ဆုကို (မန္တလေးတိုင်းဒေသကြီး) အသင်းတို့မှ ရရှိသွားရာ ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။