spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > 30th SEA GAMES ပြိုင်ပွဲ၀င်ရန် မြန်မာ့လက်ရွေးစင်အားကစားသမားများအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ တွေ့ဆုံအားပေးစကားပြောကြား

30th SEA GAMES ပြိုင်ပွဲ၀င်ရန် မြန်မာ့လက်ရွေးစင်အားကစားသမားများအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ တွေ့ဆုံအားပေးစကားပြောကြား

နေပြည်တော်၊ နို၀င်ဘာ (၁၉)ရက်။        

နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်းသို့ Gold Campရှိ စခန်း၀င်လေ့ကျင့်လျက်ရှိသော 30th  SEA GAMES ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်နိုင်ရန် လေ့ကျင့်လျက် ရှိသော မြန်မာ့လက်ရွေးစင်အားကစားသမားများအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ ယမန်နေ့ည(၇)နာရီအချိန်တွင် Gold Camp တန်းစီကွင်း၌ တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ ပြိုင်ပွဲ၀င်မည့် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။
 

အစီအစဉ်အရ 30th  SEA GAMES ပြိုင်ပွဲ၀င်ရန် မြန်မာ့လက်ရွေးစင် အားကစားသမားများမှ နိုင်ငံတော်သီချင်းသီဆိုပြီး နိုင်ငံတော်အလံကို အလေးပြုခဲ့ကြကာ အားကစားသစ္စာအဓိဌာန်၊ အားကစားနည်းအလိုက် လေ့ကျင့်ရေး တိုးတက်ဆောင်ပုဒ်၊ အားကစားနည်းအလိုက် တားမြစ်ဆေးဝါးဆောင်ပုဒ်များကို ရွတ်ဆိုခဲ့ကြပါသည်။
 

ထို့နောက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မြလေးစိန်မှ 30th  SEA GAMES ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်နိုင်ရန် လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် အားကစားသမားများအား တွေ့ဆုံအားပေးစကားပြောကြားရာတွင် ယခုအချိန်သည် ပြိုင်ပွဲ၀င်မည့်ရက် နီးကပ်လာပြီဖြစ်ပြီး ရာသီဥတုပြောင်းလဲလာသော ကာလဖြစ်သည့်အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ကြစေလိုကြောင်း၊ ကျန်းမာရေးအပြင် ထိခိုက်ဒဏ်ရာရရှိမှုများကို အထူးဂရုစိုက်ကြစေလိုကြောင်း၊ ယခုသွားရောက်မည့် ခရီးစဉ်သည် ဝေးကွာသည့်ခရီးဖြစ်သည့် အားကစားပြိုင်ပွဲ၀င်၀တ်စုံများနှင့် အားကစားပြိုင်ပွဲ၀င် အထောက်အကူပြုပစ္စည်းများကို မိမိနှင့်တစ်ပါတည်း သယ်ဆောင်သွားကြ စေလိုကြောင်း၊ လိုအပ်သော ဆေးဝါးသယ်ဆောင်ရာတွင် အားကစားဆေးဘက်ဌာနခွဲ ဆေးခန်းကိုပြသ၍ သယ်ဆောင်သွားကြစေလိုကြောင်း၊ မိမိတို့အသုံးပြုမည့် အားကစား ဆိုင်ရာ အထောက်အကူပြုပစ္စည်းများသည် အရေးကြီးသည်ဖြစ်သည့်အတွက် ကောင်းမွန်သည့် အနေအထားရှိရန်လိုအပ်ပါကြောင်း၊ ရွှေ၊ ငွေ၊ ကြေးရရှိသောအားကစား သမားများကိုလည်း ထိုက်တန်သော ဆုကြေးငွေများရရှိအောင် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်သီချင်း၊ အားကစားသစ္စာအဓိဌာန်၊ လေ့ကျင့်ရေးအဓိဌာန်၊ ဆေးဝါးအဓိဌာန်များအားလုံးကို နားလည်သဘောပေါက်ပြီး အမိနိုင်ငံတော်အတွက် ကြိုးစားကြစေလိုကြောင်း၊ မိမိ၏ အပြောအဆို၊ အနေအထိုင်၊ အ၀တ်အစား၊ လှုပ်ရှားမှု အားလုံးသည် နိုင်ငံတော်၏ပုံရိပ်ဖြစ်သည့်အတွက်  ထိမ်းသိမ်းကြရန် ပြောကြားခဲ့ပါသည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများသည် နည်းပြများနှင့် မြန်မာ့လက်ရွေးစင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/30th-sea-games-%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%81%80%E1%80%84%E1%80%BA%E1%80%9B%E1%80%94%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9C%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%B1%E1%80%B8%E1%80%85%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-0