နေပြည်တော်၊နိုဝင်ဘာ(၂၅)ရက်။
ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂ဝ၁၉ခုနှစ် (၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (အမျိုးသား)ဘောလုံးပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Rizal Memorial Stadium ကွင်း၌ ယနေ့ညနေဒေသ စံတော်ချိန်(၄)နာရီအချိန်၊ မြန်မာစံတော်ချိန် မွန်းလွဲ(၂)နာရီခွဲအချိန်တွင် မလေးရှားU-22 အသင်းနှင့် မြန်မာ U-22 အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဘက်တစ်ဂိုးစီ သရေရလာဒ်ဖြင့်် လည်းကောင်း၊ ပြိုင်ပွဲအပြီးတွင် မလေးရှား U-22 အသင်းနှင့် မြန်မာ U-22 အသင်းတို့သည် ရမှတ်တစ်မှတ်စီ အသီးသီးရရှိခဲ့ပါသည်။
အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့် ဒုတိယဥက္ကဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာအားကစားအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာဘောလုံးပရိတ်သတ်များ လာရောက်ကြည့်ရှု့အားပေးကြပါသည်။
(၃ဝ)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (အမျိုးသား)ဘောလုံးပြိုင်ပွဲကို (၂၇.၁၁. ၂ဝ၁၉)ရက်နေ့ ဒေသစံတော်ချိန်(၄)နာရီအချိန်၊ မြန်မာစံတော်ချိန် မွန်းလွဲ(၂)နာရီခွဲအချိန်တွင် အိမ်ရှင်ဖိလစ်ပိုင် U-22 အသင်းနှင့် မြန်မာ U-22 အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။