spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ခရစ်ကက်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ၊ အမျိုးသားတံခွန်စိုက်ဒိုင်းဆုအား ရခိုင်ပြည်နယ်အသင်းနှင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု အား ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဆွတ်ခူးရရှိ

၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ခရစ်ကက်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ၊ အမျိုးသားတံခွန်စိုက်ဒိုင်းဆုအား ရခိုင်ပြည်နယ်အသင်းနှင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု အား ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဆွတ်ခူးရရှိ

နေပြည်တော်၊ နို၀င်ဘာ (၂၆)ရက်။      

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခရစ်ကက်ပြိုင်ပွဲများကို နံနက်(၇)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း (၁/၃) တို့၌ ကျင်းပပြုလုပ်ရာ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါက်တာစန်းမောင်မောင်၊  အဖွဲ့၀င်များဖြစ်ကြသော ဦးမန်းထွန်းကြိုင်၊ ဒေါ်လွီးဇာ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း ညွှန်ကြားရေးမှူးများနှင့်တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်ဥက္ကဌ ဦးသန်း၀င်းနှင့် တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှု့အားပေးကာ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။


 

ယနေ့ယှဉ်ပြိုင်ကစားသော (အမျိုးသား)ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့  ယှဉ်ပြိုင်ကစားကြရာ ရခိုင်ပြည်နယ် အသင်းမှလည်းကောင်း၊ (အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်း ဒေသကြီးအသင်းမှ လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသမီးအကောင်းဆုံးအရိုက် အားကစားသမားဆုရရှိသော ရှင်းသန့်ဖြူ(မန္တလေး)အား မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ် နည်းပြချုပ် Mr. ASHFAR BABBY မှ လည်းကောင်း၊  အမျိုးသမီးအကောင်းဆုံး အပစ်အားကစားသမားဆုရရှိသော ပန်းအိဖြူ-၁(ရန်ကုန်)အား  အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့၀င် ဦးမန်းထွန်းကြိုင်မှလည်းကောင်း၊ အမျိုးသမီးပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသော စိုးစိုးသန်း(ရခိုင်)အား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှု ဆိုင်ရာ ကော်မတီအဖွဲ့၀င် ဒေါ်လွီးဇာမှ လည်းကောင်း၊    ဆက်လက်၍ အမျိုးသားအကောင်းဆုံးအရိုက် အားကစားသမားဆုရရှိသော ဇွဲထက်ပိုင် (ပြည် ထောင်စုနယ်မြေနေပြည်တော်)အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဇော်ထွန်းမှ လည်းကောင်း၊  အမျိုးသားအကောင်းဆုံး အပစ်အားကစားသမားဆုရရှိသော မျိုးမြတ်ထွန်း (ရခိုင်)နှင့် အမျိုးသားပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသော မောင်မောင်ကျော် (က ယား) တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးမှ လည်းကောင်း၊      ဆက်လက်၍ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ရခိုင်ပြည်နယ်အသင်း၊ တတိယဆုရရှိသော ရှမ်းပြည်နယ်အသင်းနှင့် စတုတ္ထဆုရရှိသော မကွေးတိုင်းဒေသကြီးအသင်းတို့အား မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်ဥက္ကဌ ဦးသန်း၀င်းမှ လည်းကောင်း၊    ဆက်လက်၍ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရခိုင်ပြည်နယ်အသင်း၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစား နှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါက်တာစန်းမောင်မောင်မှ လည်းကောင်း၊ တတိယ ဆုရရှိသော ကယားပြည်နယ်အသင်းနှင့် စတုတ္ထဆုရရှိသော ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်း တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ လည်းကောင်း၊    ဆက်လက်၍ အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုရရှိသော ရန်ကုန်တိိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ လည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိသော ရခိုင်ပြည်နယ်အသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး မှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%81%E1%80%9B%E1%80%85%E1%80%BA%E1%80%80%E1%80%80%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%81%8A