spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ စတင်ကျင်းပ

(၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ စတင်ကျင်းပ

နေပြည်တော်၊နို၀င်ဘာ(၂၆)ရက်။ 

ဖိလစ်ပိုင်နိုင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ၂၀၁၉ခုနှစ် (၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (အမျိုးသမီး)ဘောလုံးပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ Binan, laguna မြို့ရှိ  Binan Football Stadium ကွင်း၌ ယနေ့ညနေ ဒေသစံတော်ချိန် (၈)နာရီအချိန်၊ မြန်မာစံတော်ချိန် ညနေ(၆)နာရီခွဲ အချိန်တွင် အုပ်စုပထမပွဲစဉ်အဖြစ် အိမ်ရှင်ဖိလစ်ပိုင် အသင်းနှင့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဂိုးမရှိသရေရလဒ်ဖြင့််လည်း ကောင်း၊ ပြိုင်ပွဲအပြီးတွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းတို့သည် ရမှတ်တစ်မှတ်စီ အသီးသီးရရှိခဲ့ပါသည်။

အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့် ဒုတိယဥက္ကဌများ၊ အလုပ် အမှုဆောင်အဖွဲ့၀င်များ၊ မြန်မာအားကစားအဖွဲ့မှ တာ၀န်ရှိသူများ၊  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ ဖိလစ်ပိုင်နိုင်ငံရောက်  မြန်မာဘောလုံးပရိတ်သတ်များ လာရောက်ကြည့်ရှု့အားပေးကြပါသည်။

(၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (အမျိုးသမီး)ဘောလုံးပြိုင်ပွဲကို (၂.၁၂.၂၀၁၉)ရက်နေ့ ဒေသစံတော်ချိန်(၄)နာရီအချိန်၊ မြန်မာစံတော်ချိန် မွန်းလွဲ(၂)နာရီခွဲ အချိန်တွင် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း  သတင်းရရှိပါသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%83%E1%81%80%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%85%E1%80%90%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95