ရန်ကုန်၊ နို၀င်ဘာလ(၂၈)ရက်။
ဖိလစ်ပိုင်နိုင်ငံတွင်နို၀င်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာလ(၁၁) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၃၀)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြလေးစိန်၊ မြန်မာ့လက်ရွေးစင် (ဂွင်းသွင်းခတ်)ခြင်းလုံး အသင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးနှင့်အမှုဆောင်များ သည် ယနေ့နံနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ်နှင့် ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးရဲအောင်နှင့်အမှုဆောင်များက ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။