spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ New Clark City Athletes Village အတွင်း ပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုလေ့လာ

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ New Clark City Athletes Village အတွင်း ပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုလေ့လာ

ခေတ္တ Clark City၊ နို၀င်ဘာ(၂၈)ရက်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်း ရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်နှင့် တာ၀န်ရှိသူများသည် နို၀င်ဘာလ(၂၈)ရက် ဒေသစံတော်ချိန်(၁၂)နာရီတွင် ဖိလစ်ပိုင်နိုင်ငံ New Clark City ရှိ Athletes Village အတွင်း အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များ တည်းခို နေထိုင်စားသောက်မည့်နေရာများ၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေအား လိုက်လံကြည့်ရှုသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်နှင့် တာ၀န်ရှိသူများသည် Myanmar (NOC) ရုံးခန်းဖွင့်လှစ် ဆောင်ရွက်ထားရှိပြီး လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ချိတ်ဆက် ဆောင်ရွက်နေမှု အခြေအနေအားလည်းကောင်း၊ မြန်မာအားကစားအဖွဲ့များ တည်းခိုနေထိုင်မည့် အိပ်ဆောင်များထားရှိမှုအခြေအနေ၊ အားကစားသမားများ ထိခိုက်အနာတရ ရရှိပါက ဆေးဝါးကုသနိုင်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဆေးဘက်ဌာနခွဲမှ ဆေးခန်းဖွင့်လှစ်ထားရှိမှုအခြေအနေ၊ အားကစားရွာအတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ရိုးရာအစားအသောက်များ ရောင်းချပေးလျက်ရှိသော ဆိုင်ခန်းများအခြေအနေနှင့် အားကစားအဖွဲ့များ စားသောက်မည့် (Main Dining Hall Entrance) အတွင်း ကျွေးမွေးလျက်ရှိသော အစားအသောက်များအား ကြည့်ရှုစစ်ဆေးရာ မြန်မာအားကစားအဖွဲ့ ဒုတိယခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် တာ၀န်ရှိသူများက လိုက်လံရှင်းလင်းပြသရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူးက လိုအပ်ချက်များကို လမ်းညွှန်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရှိရပါသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%A1%E1%80%AD%E1%80%AF%E1%80%9C%E1%80%B6%E1%80%95%E1%80%85%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%90%E1%80%AE-%E1%80%A1%E1%80%91%E1%80%BD%E1%80%B1%E1%80%91%E1%80%BD%E1%80%B1%E1%80%A1%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%81%8A-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94