spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > 30th SEA GAMES Federation Council Meeting သို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်နှင့်အဖွဲ့ တက်ရောက်ပြီး New Clark City Athletes Village အတွင်း ပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရ

30th SEA GAMES Federation Council Meeting သို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်နှင့်အဖွဲ့ တက်ရောက်ပြီး New Clark City Athletes Village အတွင်း ပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရ

ခေတ္တ Clark City၊ နို၀င်ဘာ(၂၉)ရက်။ 

ဖိလစ်ပိုင်နိုင်ငံ၊ Clark City ရှိQuest Hotel ၌ ကျင်းပခဲ့သည့် အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်ကောင်စီ အစည်းအဝေးသို့  မြန်မာနိုင်ငံအိုလံပစ် ကော်မတီ၊ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် အဖွဲ့တို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင်SEA GAMES ပြိုင်ပွဲနှင့် ပတ်သက်၍ Sports and Rules Committee, Medical Committee, Brodcasting Committee နှင့်Women  and Sports Committee အစည်းအဝေးများမှ တင်ပြချက်များအပေါ် ဆွေးနွေးဆုံးဖြတ်ကြသည်။

ဆက်လက်၍ နောင်လာမည့် ၂၀၂၁ခုနှစ်တွင် ကျင်းပမည့် 31st SEA GAMES    အတွက်  ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံခဲ့ပြီး ၂၀၂၃ခုနှစ်တွင် ကျင်းပမည့် 32nd SEA GAMES  အတွက် ကမ္ဘောဒီးယားနိုင်ငံမှ ပထမဆုံးအိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေးအတွက် တင်ပြခဲ့ပါသည်။

ဆက်လက်၍ ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန်နေ့လည် (၁၂)နာရီအချိန်တွင် ဖိလစ်ပိုင်နိုင်ငံ New Clark City ရှိ Athletes Village သို့ သွားရောက်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ဦးကျော်ဇင်မိုး၊ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးခွန်ဂျာအောင်နှင့် Athletes Village ရှိ တာ၀န်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
 

ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်နှင့် တာ၀န်ရှိသူတို့သည် Athletes Village တွင် (၃၀) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ(Arnis) အားကစားအဖွဲ့အား တွေ့ဆုံကာ အားပေးစကားများပြောကြားပြီး၊ အားကစားရွာအတွင်း တည်ဆောက်ထားရှိသည့် အားကစားသမားများ တည်းခိုနေထိုင်မည့် အဆောက်အဦများ၏ အခြေအနေများ၊ အပန်းဖြေကစားကွင်း၊ ရေကူးကန်နှင့် စားသောက်ခန်းများထားရှိမှု အနေအထားများကို လိုက်လံကြည့်ရှုရာ ဖိလစ်ပိုင် Athletes Village မှ တာ၀န်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
 

ဆက်လက်ပြီး ဒုတိယ၀န်ကြီးသည် မြန်မာအားကစားအဖွဲ့များ ပြိုင်ပွဲကာလအတွင်း နေထိုင်မည့် အိပ်ဆောင်များထားရှိပုံ၊ ဆေးခန်းဖွင့်လှစ်ထားရှိမှုနှင့်Main Dining Hall Entrance  အတွင်း ကျွေးမွေးလျက်ရှိသော အစားအသောက်များအား ကြည့်ရှုစစ်ဆေးရာ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်တို့မှ လိုက်လံရှင်းလင်းပြသခဲ့ပြီးနောက် Myanmar NOC ရုံးခန်းသို့သွားရောက်ကာ ရုံး၀န်ထမ်းများအား တွေ့ဆုံပြီး ရုံးလုပ်ငန်းများအဆင်ပြေ ချိတ်ဆက်ဆောင်ရွက် နိုင်ရေး၊ အခက်အခဲများရှိပါက အဖွဲ့ခေါင်းဆောင်အား သတင်းပို့ ဆက်လက်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး Myanmar NOC ရုံး အဖွဲ့၀င်များနှင့် မှတ််တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ပြီး ဒုတိယ၀န်ကြီးသည် မနီလာမြို့ရှိ Rizal Memorial Stadium ကွင်း၌ ကျင်းပသည့် (အမျိုးသား)ဘောလုံးပြိုင်ပွဲ အုပ်စုတတိယပွဲစဉ်အဖြစ် မြန်မာယူ-၂၂အသင်းနှင့် တီမောလက်စတီယူ-၂၂အသင်းတို့ ယှဉ်ပြိုင်ကစားကြပုံများကို  ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာ၀န်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ရာ ပြိုင်ပွဲတွင် မြန်မာယူ-၂၂အသင်းမှ  (၃)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။ ပြိုင်ပွဲအပြီးတွင် ဒုတိယ၀န်ကြီးသည် မြန်မာအားကစားသမားများ၊ မြန်မာပရိသတ်များ၊ မြန်မာအသင်းမှ အားကစားသမားများအား လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သိရှိရပါသည်။

အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် (၂.၁၂.၂၀၁၉)ရက်နေ့ ဒေသစံတော်ချိန် ည(၈)နာရီအချိန်၊ မြန်မာ စံတော်ချိန် ညနေ(၆)နာရီခွဲအချိန်တွင် မြန်မာယူ-၂၂အသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း  သတင်းရရှိပါသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/30th-sea-games-federation-council-meeting-%E1%80%9E%E1%80%AD%E1%80%AF%E1%80%B7-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%A1%E1%80%AD%E1%80%AF%E1%80%9C%E1%80%B6%E1%80%95%E1%80%85%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%90%E1%80%AE%E1%81%8A-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8C%E1%81%8A