spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > နေပြည်တော်၀န်ကြီးဌာနပေါင်းစုံ Physical Fitness Dance သင်တန်းအမှတ်စဉ်(၃/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၀န်ကြီးဌာနပေါင်းစုံ Physical Fitness Dance သင်တန်းအမှတ်စဉ်(၃/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ နို၀င်ဘာ(၂၉)။        

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နေပြည်တော်၀န်ကြီးဌာနပေါင်းစုံ Physical  Fitness Dance သင်တန်းအမှတ်စဉ်(၃/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေ(၃)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိ အားကစား(B)ရုံ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ညွှန်ကြားရေးမှူးများနှင့်တာ၀န်ရှိသူများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။
 

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင်  အားကစား လှုပ်ရှားမှုနှင့် ကိုယ်ခန္ဓာကျန်းမာရေးလှုပ်ရှားမှုများသည် လူသားတို့၏ နေ့စဉ်နေထိုင်မှုဘ၀ကို ပေါ့ပါးသွက်လက်စေပြီး စိတ်ရွှင်လန်းစေနိုင်ပါကြောင်း၊ ကိုယ်လက် လှုပ်ရှားအားကစား ပြုလုပ်ခြင်းအားဖြင့် လူတစ်ဦးချင်းစီ၏ ကျန်းမာရေးပိုမိုကောင်းမွန်စေကာ နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုများ လျော့ပါးလာနိုင် စေမည် ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကျောင်း၊ ကျေးရွာ၊ ရပ်ကွက်၊ ရုံးများ၊ စက်ရုံ၊ အလုပ်ရုံများတွင် Physical  Fitness Dance သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ပြိုင်ပွဲများ ဖွင့်လှစ်ပေးခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်နေကြသော ၀န်ကြီးဌာနအသီးသီးမှ သင်တန်းသား/သင်တန်းသူများအနေဖြင့် Physical  Fitness Dance ကို မိမိကိုယ်တိုင် နေ့စဉ်ပြုလုပ်ကစားခြင်းအပြင် ဌာန၀န်ထမ်းများ၊ မိမိမိသားစု၀င်များ၊ အိမ်နီးနားချင်းများကို စည်းရုံးသင်ကြားပေးပြီး နေ့စဉ်ကစားနိုင်အောင် ဆောင်ရွက်ပေးကြ စေလိုကြောင်း၊ Physical  Fitness Dance အားကစားနည်းသည် သီချင်းနှင့် စည်းမျောကခုန်ပြီး မိမိတို့တွင်ရှိသော အတွေ့အကြုံ၊ စိတ်ကူးသစ်များနှင့် ပေါင်းစပ်ကာ ပိုမိုထိရောက်အကျိုးရှိအောင် ပြုလုပ်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ Physical  Fitness Dance သင်တန်းနည်းပြများအား ဂုဏ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ရာ သင်တန်းနည်းပြများကိုယ်စား သင်တန်းနည်းပြ(၁)ဦးမှလည်းကောင်း၊ သင်တန်းတက်ရောက် အောင်မြင်ပြီးသူများအား  သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ရာ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသား/သင်တန်းသူ(၁)ဦးစီမှ လက်ခံရယူခဲ့ပါသည်။

ထို့နောက် နေပြည်တော် ၀န်ကြီးဌာနပေါင်းစုံ Physical  Fitness Dance သင်တန်းအမှတ် စဉ်(၃/၂၀၁၉) သင်တန်းသား/ သင်တန်းသူများမှ Physical  Fitness Dance အကဖြင့် သရုပ်ပြ သကာ သင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ နေပြည်တော်၀န်ကြီးဌာနပေါင်းစုံ Physical  Fitness Dance သင်တန်းအမှတ် စဉ်(၃/၂၀၁၉)ကို (၁၈.၁၁. ၂၀၁၉) ရက်နေ့မှ (၂၉.၁၁.၂၀၁၉)ရက်နေ့ အထိ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၁၄၅)ဦးဖြင့် ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-physical-fitness-dance-%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA%E1%80%85%E1%80%89%E1%80%BA%E1%81%83%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%86%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BD%E1%80%B2