spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဂျူဒိုအားကစားနည်းမှ ကြေးတံဆိပ်(၁)ခု ထပ်မံ ဆွတ်ခူးရရှိ

(၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဂျူဒိုအားကစားနည်းမှ ကြေးတံဆိပ်(၁)ခု ထပ်မံ ဆွတ်ခူးရရှိ

နေပြည်တော်၊ဒီဇင်ဘာ(၄)ရက်။ 

ဖိလစ်ပိုင်နိုင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ၂၀၁၉ခုနှစ် (၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံအသီးသီး၌ ကျင်းပပြုလုပ်ရာManila Hotel Tent ၌ ကျင်းပပြုလုပ်သော ဘိလိယက်ပြိုင်ပွဲတွင် အမျိုးသမီး 10ball Pool  တစ်ဦးချင်းပွဲစဉ်အဖြစ် မြန်မာနှင့် အင်ဒိုနီးရှားတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ အေမီအောင်က (၇)ပွဲ (၆)ပွဲဖြင့် အနိုင်ရရှိပြီး အမျိုးသား 9ball Pool  နှစ်ယောက်တွဲ ပွဲစဉ်အဖြစ် မြန်မာနှင့်အိမ်ရှင်ဖိလစ်ပိုင်တို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ အောင်မိုးသူ၊ ဖုန်းမြင့်ကျော်တို့ အတွဲမှ (၉)ပွဲ (၈)ပွဲ ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ပါသည်။

ဆက်လက်၍ Philsports Area ၌ ကျင်းပပြုလုပ်သော ဘော်လီဘောအားကစားနည်းတွင် မြန်မာအသင်းနှင့် စင်္ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ (၂၆-၂၄)မှတ်၊ (၂၅-၂၁)မှတ်၊ (၂၅-၁၈)မှတ်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ပါသည်။

ဆက်လက်၍ PICC Forum ၌ ကျင်းပပြုလုပ်သော လက်ဝှေ့အားကစားပြိုင်ပွဲတွင် အမျိုးသမီး(၄၈)ကီလိုတန်းပြိုင်ပွဲ မြန်မာမှ အေးငြိမ်းထူးသည် စင်္ကာပူ အားကစားသမားကို အနိုင်ရရှိခဲ့ပါသည်။

ဆက်လက်၍ မနီလာမြို့ (Ninoy Aquino Stadium) ၌ ကျင်းပပြုလုပ်သော အလေးမအားကစားနည်းမှ (၇၁)ကီလိုတန်းပြိုင်ပွဲတွင် အမျိုးသမီးပွဲစဉ်အဖြစ် ဇင်မာအေး ၀င်ရောက်ယှဉ်ပြိုင်ရာ အဆင့်(၅)နေရာတွင်လည်းကောင်း၊ (၇၃)ကီလိုတန်းပြိုင်ပွဲတွင် အမျိုးသားပွဲစဉ်အဖြစ် ကျော်မိုး၀င်း ၀င်ရောက်ယှဉ်ပြိုင်ရာ အဆင့်(၄)နေရာသာ ရရှိခဲ့ပါသည်။

အဆိုပါ ပြိုင်ပွဲများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်ဆန်း၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး နှင့်တာ၀န်ရှိသူများ၊ မြန်မာအလေးမအဖွဲ့ချုပ်ဥက္ကဌ ဦးဥဂ္ဂါအေးနှင့်တာ၀န်ရှိသူတို့ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။

ဆက်လက်၍ မနီလာမြို့ Marine Corps Training Center ၌ ကျင်းပပြုလုပ်မည့် သေနတ်ပစ်အားကစားသမားများ၏ ပြိုင်ပွဲများမစတင်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။
ဆက်လက်၍ New Clark City Aquatics Center (Clark)တွင် ကျင်းပသော အမျိုးသမီး မီတာ(၁၀၀)အလွတ်ကူးပြိုင်ပွဲတွင် မြန်မာမှ နန်းဟန်နီဦးမှ အဆင့်(၈)နေရာသာ ရရှိခဲ့ပါသည်။

ဆက်လက်၍Subic Bay Gymuasium အားကစားရုံတွင် ကျင်းပပြုလုပ်သည့် ပိုက်ကျော်ခြင်း အမျိုးသားနှစ်ယောက်တွဲ အသင်းလိုက်ပွဲစဉ်အဖြစ် မြန်မာမှ လာအိုကို (၂)ပွဲ (၁)ပွဲဖြင့် အနိုင်ရရှိပြီး အုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာမှ ဗီယက်နမ်ကို (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိကာ အုပ်စုပထမ နေရာအဖြစ် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပါသည်။

အဆိုပါ ပြိုင်ပွဲပွဲစဉ်များအား မြန်မာအားကစားအဖွဲ့ ဒုတိယခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် တာ၀န်ရှိသူတို့မှ လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။
ဆက်လက်၍ Laus Group Event Centre ၌ ကျင်းပပြုလုပ်သော ဂျူဒိုအားကစားနည်း (Nageno Kata) ပြိုင်ပွဲ၌ မြန်မာမှ မိုင်းစံနှင့် ချစ်မင်းမင်းကိုတို့ အတွဲမှ ကြေးတံဆိပ်(၁)ခု ထပ်မံ ဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%83%E1%81%80%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%82%E1%80%BB%E1%80%B0%E1%80%92%E1%80%AD%E1%80%AF%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%99%E1%80%BE-%E1%80%80%E1%80%BC%E1%80%B1%E1%80%B8%E1%80%90%E1%80%B6%E1%80%86%E1%80%AD%E1%80%95%E1%80%BA%E1%81%81%E1%80%81%E1%80%AF-%E1%80%91%E1%80%95%E1%80%BA%E1%80%99%E1%80%B6