spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲ တတိယနေ့ ဆက်လက်ကျင်းပသည့် သတင်း

၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲ တတိယနေ့ ဆက်လက်ကျင်းပသည့် သတင်း

 
နေပြည်တော်၊ ဇန်နဝါရီလ(၁၇)ရက်။
 
မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် (၉:ဝဝ)နာရီအချိန်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲ ပွဲစဉ်များအား ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)ရုံတွင်ကျင်းပ ပြုလုပ်လျက်ရှိပါသည်။
 
ရှေးဦးစွာ (၆၅-၇ဝ) ကီလိုတန်း အတိုက် အမျိုးသားပြိုင်ပွဲတွင် ထက်နိုင်ဝင်း (ရှမ်း) မှ ပထမ၊ ဖြိုးသီဟ (ကချင်) မှ ဒုတိယဆုကိုလည်းကောင်း၊ ဆောင်လွေမာတောင် အသင်းလိုက်ပြိုင်ပွဲတွင် မန္တလေးမှ ပထမ၊ စစ်ကိုင်း မှ ဒုတိယ၊ ရှမ်း မှ တတိယဆုကိုလည်းကောင်း၊
 
တန်ဝှာလုံဝင်ဂိ ဓါးသိုင်းပြိုင်ပွဲ အမျိုးသားပြိုင်ပွဲတွင် လပြည့်ဖြိုး (ရှမ်း) မှ ပထမ၊ ဇော်ရှိုင်းကို (မန္တလေး) မှ ဒုတိယ၊ ဇော်ရဲနိုင် (ရန်ကုန်) မှ တတိယဆုကိုလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် နန်းခမ်းစံ (ရှမ်း) မှ ပထမ၊ မေဟန်နီအောင်လွင် (ပဲခူး) မှ ဒုတိယ၊ ညိုညိုစန်း (မန္တလေး) မှ တတိယဆုကို လည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ပါသည်။
 
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲကို ဇန်နဝါရီလ (၁၅) ရက်နေ့မှ (၁၈) ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (C) ရုံတွင်ကျင်းပပြုလုပ်လျက်ရှိပြီး ဗိုလ်လုပွဲ ပွဲစဉ်များအား (၁၈) ရက်နေ့ နံနက် (၉းဝဝ) နာရီမှစတင်၍ ဆက်လက်ယှဉ်ပြိုင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ဆုပေးပွဲအခမ်းအနားအား နံနက် (၁ဝ:ဝဝ) နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည်းဖြစ်ကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%97%E1%80%AD%E1%80%AF%E1%80%97%E1%80%AE%E1%80%94%E1%80%99%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%90%E1%80%90%E1%80%AD%E1%80%9A%E1%80%94%E1%80%B1%E1%80%B7-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7-%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8