spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ဘိလိယက်အားကစားနည်းတွင်ရွှေ(၁)ခု၊ ပိုက်ကျော်ခြင်း အားကစားနည်းမှ ငွေ(၁)ခု၊ ပီတန်းအားကစားနည်းမှ ကြေး(၁)ခု၊ ဂျူဒိုအားကစားနည်းမှ ငွေ(၁)ခု၊ ကြေး(၁)ခု ထပ်မံဆွတ်ခူးရရှိ

(၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ဘိလိယက်အားကစားနည်းတွင်ရွှေ(၁)ခု၊ ပိုက်ကျော်ခြင်း အားကစားနည်းမှ ငွေ(၁)ခု၊ ပီတန်းအားကစားနည်းမှ ကြေး(၁)ခု၊ ဂျူဒိုအားကစားနည်းမှ ငွေ(၁)ခု၊ ကြေး(၁)ခု ထပ်မံဆွတ်ခူးရရှိ

                                                                                                                                                                                                                      
နေပြည်တော်၊ဒီဇင်ဘာ(၅)ရက်။

ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ၂၀၁၉ခုနှစ် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံအသီးသီး၌ ကျင်းပပြုလုပ်ရာ Manila Hotel Tent ၌ ကျင်းပပြုလုပ်သော ဘိလိယက်ပြိုင်ပွဲတွင် အမျိုးသမီး 10ball Pool  တစ်ဦးချင်းပွဲစဉ်များအဖြစ် မြန်မာနှင့်စင်္ကာပူတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ အေမီအောင်က (၇)ပွဲ (၁)ပွဲဖြင့် လည်းကောင်း၊    မြန်မာနှင့်အင်ဒိုနီးရှားတို့ ဆက်လက်ယှဉ်ပြိုင် ကစားကြရာ မြန်မာမှ သန္တာမောင်က (၇)ပွဲ (၆)ပွဲဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။

ဆက်လက်၍ ဘိလိယက် တစ်ဦးချင်းပြိုင်ပွဲ ပွဲစဉ်တွင် မြန်မာနှင့် ထိုင်းတို့ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ ချစ်ကိုကိုသည် (၃)ပွဲ (၁)ပွဲဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ အမျိုးသား နှစ်ယောက်တွဲ 9ball Pool    ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မြန်မာနှင့်စင်္ကာပူတို့ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ ဖုန်းမြင့်ကျော်၊ အောင်မိုးသူတို့အတွဲမှ (၉)ပွဲ (၄)ပွဲဖြင့် အနိုင်ရကာ ရွှေတံဆိပ်(၁)ခုကို ထပ်မံဆွတ်ခူးပေးခဲ့ပါသည်။ ပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ တက်ရောက်ကြည့်ရှုအားပေးကာဆုများပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ Muntinlupa Sports Complex ၌ ကျင်းပပြုလုပ်သော ကြက်တောင်ပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်းပွဲစဉ်အဖြစ် မြန်မာနှင့်မလေးရှားတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ သက်ထားသူဇာက ကမ္ဘာ့အဆင့် (၃၂)နေရာရှိ မလေးရှားအားကစားသမားအား (၂)ပွဲ (၁)ပွဲဖြင့် အနိုင်ရရှိပြီး ကွာတား ဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ပါသည်။ အမျိုးသားတစ်ဦးချင်းပွဲစဉ်အဖြစ် မြန်မာနှင့် အိမ်ရှင်ဖိလစ်ပိုင် တို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ အောင်မျိုးထူးမှ (၂)ပွဲပြတ်ဖြင့် လည်းကောင်း ရှုံးနိမ့်ခဲ့ပြီး၊ အမျိုးသား/ အမျိုးသမီး Mixed Double ပွဲစဉ်အဖြစ် မြန်မာနှင့်ထိုင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ တွယ်တာဦး၊ ဟိန်းစည်သူတိုးတို့ အတွဲမှ (၂)ပွဲ ပြတ်ဖြင့်လည်းကောင်း ရှုံးနိမ့်ခဲ့ပါသည်။

ဆက်လက်၍  (World Trade Center Halls B & C) အားကစားခန်းမ၌ ကျင်းပ ပြုလုပ်သော  Fencing အားကစားပြိုင်ပွဲ Individual Men Epee ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာနှင့် အင်ဒိုနီးရှားတို့ယှဉ်ပြိုင်ကစားရာ မြန်မာမှ ဟိန်းမင်းလတ်က(၅)မှတ် (၂)မှတ်ဖြင့် အနိုင်ရရှိပြီး၊ ၀င်းသက်အောင်မှ အင်ဒိုနီးရှားအားကစားသမားကို (၅)မှတ် (၃)မှတ်ဖြင့် ရှုံးနိမ့်ခဲ့ပါသည်။

အဆိုပါ ပြိုင်ပွဲများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာအားကစားအဖွဲ့ ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးနှင့်တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးလျက်ရှိပါသည်။

 

ဆက်လက်၍ DCD, LOT. FRONT of Royce Hotel (Lark) တွင် ကျင်းပသော ပီတန်းအားကစားနည်း၌ အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲတွင် မြန်မာနှင့် မလေးရှားတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ ကြေးတံဆိပ်သာရရှိခဲ့ပါသည်။
ဆက်လက်၍ Subic Bay Gymuasium အားကစားရုံတွင် ကျင်းပပြုလုပ်သည့် ပိုက်ကျော်ခြင်း အမျိုးသားနှစ်ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မြန်မာမှ အင်ဒိုနီးရှား ကို (၂)ပွဲပြတ်ဖြင့် ရှုံးနိမ့်ကာ ငွေတံဆိပ်ဆုသာ ရရှိခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲပွဲစဉ်များအား မြန်မာအားကစားအဖွဲ့ ဒုတိယခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် တာ၀န်ရှိသူတို့မှ လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။
ဆက်လက်၍ Luisita Golf and Country Club, San Miguel, Terlac City တွင် မြန်မာဂေါက်သီးအသင်းက (Round-2) အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြပါသည်။

ဆက်လက်၍ Laus Group Event Centre ၌ ကျင်းပပြုလုပ်သော ဂျူဒိုအားကစားနည်း  (-၅၂)ကီလိုတန်းပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာနှင့် ထိုင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ ခင်ခင်စုက ငွေတံဆိပ်(၁)ခု၊ (၆၆)ကီလိုတန်းပြိုင်ပွဲတွင် မြန်မာမှ အောင်ဇေယျာထွန်းမှ ကြေးတံဆိပ်(၁)ခု ထပ်မံရရှိခဲ့ပါသည်။
ဆက်လက်၍ CDC Parade Grounds, Clark City ၌ ကျင်းပသည့် အမျိိုးသား/အမျိုးသမီး Qualification Round(Recurve) ပြိုင်ပွဲနှင့် အမျိုးသား/ အမျိုးသမီး Compound Qualification Round ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
(၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဒေသစံတော်ချိန်ည(၈)နာရီအချိန်၊ မြန်မာစံတော်ချိန် ညနေ(၆)နာရီခွဲ အချိန်တွင် မြန်မာအမျိုး သမီးလက်ရွေးစင်အသင်းနှင့် ထိုင်းအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း  သတင်းရရှိပါသည်။
ယနေ့အထိ ဆုတံဆိပ်ရရှိမှုမှာ ရွှေ(၂)ခု၊ ငွေ(၈)ခု၊ ကြေး(၂၃)ခု ရရှပြီး မြန်မာနိုင်ငံအနေဖြင့် အဆင့်(၇)နေရာတွင် ရပ်တည်နေကြောင်း သိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%83%E1%81%80%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%98%E1%80%AD%E1%80%9C%E1%80%AD%E1%80%9A%E1%80%80%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%81%81%E1%80%81%E1%80%AF%E1%81%8A