spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ Arnis အဖွဲ့ ငွေနှစ်ခု၊ ကြေးခြောက်ခု ထပ်မံဆွတ်ခူး

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ Arnis အဖွဲ့ ငွေနှစ်ခု၊ ကြေးခြောက်ခု ထပ်မံဆွတ်ခူး

 

၂  ဒီဇင်ဘာ

 

ဆီးဂိမ်း Arnis ပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းက ကလာ့ခ်မြို့၌ ဆက်လက် ကျင်းပရာ မြန်မာ Arnis အဖွဲ့ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်ခြောက်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။

 

ပြိုင်ပွဲဒုတိယနေ့တွင် Pedded Stick (ဖော့တုတ်) အတိုက် အမျိုးသားလေးပွဲ၊ အမျိုးသမီးလေးပွဲ ကျင်းပခဲ့ပြီး ပြိုင်ပွဲအားလုံးတွင် ဆုတံဆိပ်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ငွေတံဆိပ်နှစ်ခုကို အမျိုးသမီးတစ်ဦးချင်း (+၅၅/၆၀) ကီလိုတန်းတွင် မိုးမိုးအေး၊ အမျိုးသမီးတစ်ဦးချင်း (+၅၀/၅၅) ကီလိုတန်းတွင် မော်မော်ဦးတို့က ရရှိပြီး ကြေးတံဆိပ်ခြောက်ခုကိုမူ အမျိုးသား (၅၅) ကီလိုအောက်တွင် နေလင်းဦး၊ (+၅၅/၆၀) ကီလိုတန်းတွင် တင်ကို၊ (+၆၅/၇၀) ကီလိုတန်းတွင် ကျော်သူရိန်ထွန်း၊ (+၆၀/၆၅) ကီလိုတန်းတွင် အောင်ခိုင်လင်း၊ အမျိုးသမီး (၅၅) ကီလိုအောက်တွင် ဝတ်ရည်ချို၊ (+၆၀/၆၅)ကီလိုတန်းတွင် သျှီလာမင်းနိုင်တို့က ရယူနိုင်ခဲ့သည်။

 

မြန်မာ Arnis အဖွဲ့သည် ဒုတိယနေ့အပြီးတွင် ငွေလေးခု၊ ကြေး ၁၄ ခု ရယူထားနိုင်ပြီး ပြိုင်ပွဲနောက်ဆုံးနေ့ဖြစ်သည့် ဒီဇင်ဘာ (၃) ရက် နေ့တွင် စွမ်းရည်ပြပြိုင်ပွဲများ ထပ်မံယှဉ်ပြိုင်ရမည် ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%86%E1%80%AE%E1%80%B8%E1%80%82%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC-arnis-%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7-%E1%80%84%E1%80%BD%E1%80%B1%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%81%E1%80%AF%E1%81%8A-%E1%80%80%E1%80%BC%E1%80%B1%E1%80%B8%E1%80%81%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%81%E1%80%AF-%E1%80%91%E1%80%95%E1%80%BA%E1%80%99%E1%80%B6%E1%80%86%E1%80%BD%E1%80%90%E1%80%BA%E1%80%81%E1%80%B0%E1%80%B8